💝15💝

3.5K 278 48
                                    

******ZawGyi*****
ထမင်းစားပြီးသွားတော့...လျှံကိုအခန်းထဲပြန်ပို့ပေးခဲ့ကာ လျှံ့အလိုကြ ဆိုဖာထက်မှာ နေရာချပေးပြီးTV ကိုဖွင့်ကာ ရီမုဒ်ကို လျှံ့လက်ထဲထည့်ပေးလိုက်သည်။နောက်လျှံပြောသော စာအုပ်နှစ်အုပ်လောက်နဲ့ အပြန်ဝင်ဝယ်လာခဲ့သော မုန့်နဲ့ ဒိန်ချဉ်တစ်ဘူးကိုလည်း ဘေးမှာချပေးခဲ့ရင်း.....

"လျှံ.....မင်းဘာမှာအုန်းမလဲ
ငါဘာဝယ်ခဲ့ပေးရမလဲ"

"မမှာတော့ဘူး ဘာမှမလိုဘူး...."

"အင်း....ဒါဆို ငါသွားပြီနော်
ဒီမှာ ဆီးခွက်လည်း ချပေးခဲ့တယ်
ဆီးသွားချင်ချင် အလေးသွားချင်ချင်
ဒါကိုပဲသုံး ရေချိုးခန်းထဲကိုမရောက်ရောက်အောင်
အတင်းတွားသွားမနေနဲ့
မင်း ငါ့ကိုအားနာနေစရာမလိုဘူး
ထပ်ပြောမယ်....မင်းနဲ့ငါ့ကြား
အားနာစရာ ဘာအကြောင်းမှမရှိဘူး....
အေး...မင်းဟိုတခါလို ထပ်ဖြစ်ရင်တော့
ငါတစ်သက်လုံး မင်းအနားပြန်မလာဘူး
ငါတစ်သက်လုံး မင်းကိုထပ်မတွေ့ဘူး...."

"အင်းပါကွာ မင်းခြိမ်းခြောက်နေတာကြီးကလဲ
ကြောက်စရာကြီး"သွားတန်းဖြူဖြူးလေး ဖွေးကာပေါ်လာသည်အထိ လျှံက ရီရင်းဆိုလာသော်လဲ
ရံမပြုံးနိုင်ခဲ့ပါ။ဘာကြောင့်ဆို အရင်တစ်ခေါက်က ခုလိုသူဆိုင်သွားနေချိန် အလေးသွားချင်လာသော လျှံက ဝှီးချဲပေါ် တက်ရန်ကြိုးစားကာမှ အဆင်မပြေ လူက အောက်ကို ပြုတ်ကျပြီး ဝှီးချဲကို အဝေးတွန်းသလို ဖြစ်သွားရာ သူဝှီးချဲပေါ် မတက်နိုင်တော့။ ဒါကြောင့် သေနေသော ခြေနှစ်ချောင်းကို တရွတ်ဆွဲ၍သာ ရေချိုးခန်းထဲ အရောက်သွားသည်။နောက် ဘိုထိုင်ကို လက်နဲ့ အားပြုရင်း ထထိုင်ဖို့ ကြိုးစားပါသော်လဲ အားမရှိသော ကိုယ်က စိတ်အလိုတိုင်းမလိုက်နိုင်။ဒီထိရောက်ဖို့ကိုပဲ တွားကာတရွတ်ဆွဲလာရတာကြောင့် လူကမောဟိုက်နေပြီ ။ဒီကြားထဲတစ်ရစ်ရစ်တက်လာသော ဗိုက်ထဲက ဒုက္ခနဲ့ အဆင်မပြေသော ခန္ဒာကိုယ်ကြောင့် လျှံချွေးစီးပြန်ကာ ငိုချင်လာပြီး
နောက်ဆုံး ရံ့ဆီသာ ဖုန်းခေါ်ရတော့သည်။

ရှိုက်သံစွက်သော အသံလေးနဲ့လျှံ့ဆီမှ....

"ရံ....ရံမြန်မြန်ပြန်လာခဲ့ပေးပါ..."ဆိုသော စကားလေးတစ်ခွန်းနဲ့တင် ရံတစ်ယောက်ပူထူသွားကာ ပျာယာခတ်ရင်း အိမ်သို့အပြေးပြန်လာခဲ့ရသည်။သူ လျှံ့ကို အခန်းထဲမတွေ့ချိန် ရင်ထဲ အလုံးဆို့ကာ မျက်လုံးများ ပြာဝေသွားပြီး အာခေါင်ခြစ်ကာ အော်မိသည်က.....

မောင့်ကိုချစ်သောကို💝 မောင့်ကိုချစ်သောကို(Married Life)(Complete)Where stories live. Discover now