Z/
ဒီနေ့က ထူးပန်နဲ့ မောင့်ရဲ့ Anniနေ့လေး....
ဒီနစ် Anni ကိုတော့ ထူးပန်တို့ မိသားစုလိုက်ဘုရားသွားကာ ကောင်းမှုကုသိုလ်ပြု၍ ဒါနပြုဖြစ်သည်။မန္တလေးမြို့ရဲ့ အထင်ကရ မဟာမြတ်မုနိ ဘုရားမှာ မနက်အစော အာရုံဆွမ်းကပ်လှူ၍ ရွှေသင်္ကန်း၊ရွှေဆိုင်းများလည်း ကပ်လှူဖြစ်ခဲ့သည်။နောက် သမီးနှစ်ယောက်ကို အလယ်မှာထား ဘုရားဝတ်ပြုဆုတောင်းမေတ္တာပို့သခဲ့ကြသည်။
ခန့်ခန့်ချောချောကောင်လေးနဲ့ ဖြူဖြူဖွေးဖွေး လုံးလုံးတုတ်တုတ် ရယ်လိုက်ရင် သွားတက်ကလေးနဲ့ ချစ်စရာကောင်ငယ်လေး တို့ရဲ့ ပုံတူ သွန်းထုထားတဲ့ ကော်ပါတ်ရုပ်လေးတွေလို သမီးအမွှာလေးနဲ့ မိသားစုလေးဟာ ဘုရားပေါ်မှ အများသူငှာ လူသူအပေါင်းရဲ့ အာရုံကို ဖမ်းစားလျှက်ရှိသည်။မောင်က အခုဆို သမီးလေးတွေမွေးပြီးမှ ခါးလေးတွေတုတ် ပါးလေးတွေ ပိုဖောင်းလာကာ မေးလေးပင်နှစ်ထပ်ဖြစ်၍ သမီးတွေနဲ့အပြိုင် ပိုနုသွင်၍ ချစ်ဖို့ကောင်းလွန်းနေခဲ့သည်။
အားကျသည့်မျက်ဝန်း၊စူးစမ်းသည့် မျက်ဝန်းတို့အလယ် မောင်ကတော့ ဘာကိုဂရုမစိုက်။သူဂရုစိုက်သည်က သူ့ယောကျာ်းနဲ့ သူ့သမီးတွေသာ ရှိပါသည်။
ငစိုင်း သမီးတွေနဲ့ အတူ ကြေးရုပ်တုကြီးတွေဘက်မှာ ရေခဲမုန့်သွားဝယ်ပါသည့် ကိုကို့ကို စောင့်ရင်း နားနေစဉ် အနားမှာ ယောင်လည်လည် လာလုပ်ပါသော မဒီပျိုနှစ်ဦး။ထိုနှစ်ဦးထဲမှ တစ်ဦးက ....."သမီးလေးတွေက ချစ်စရာလေးတွေနဲ့ အကိုနဲ့ဘာတော်တာလဲဟင် "
*ဟ.....ဒီလောက်တစ်ရုပ်ထဲထွက်နေတဲ့ ကိုယ်ပွားလေးတွေကိုမှ ဘာတော်လဲ လာမေးနေသေးတာ ဒီအမျိုးသမီး မျက်စိများ မကောင်းလေရော့သလား *သို့ပါသော်လည်း သူ မကောင်းတတ်သည့်အနေဖြင့် ပြန်ဖြေလိုက်ပါသည်။
"ကျွန်တော့်သမီးတွေပါ ....."
"ဪ....ဟုတ်လား သမီးလေးတွေက ချစ်စရာလေးတွေနော် အကိုနဲ့ တူလို့ဖြစ်မယ် ဟိုဒါနဲ့ ကလေးတွေမေမေရောမပါဘူးလား ဟို....တမျိုးမထင်ပါနဲ့နော် ညီမက သမီးလေးတွေက ချစ်စရာကောင်းလို့ သတိထားမိနေတာ ဟို အကို့အကို ဖြစ်မယ်ထင်တယ် ခပ်ချောချောအကိုကြီးပဲတွေ့ရတော့ ကလေးတွေမေမေကိုမမြင်မိလို့လေ"
YOU ARE READING
မောင့်ကိုချစ်သောကို💝 မောင့်ကိုချစ်သောကို(Married Life)(Complete)
Romanceဒီထူးပန်နဲ့ငစိုင်းရဲ့ Married Lifeလေးက ရီဒါလေးတွေမျှော်လင့်ထားတဲ့အတိုင်းဖြစ်ချင်မှလဲဖြစ်မယ်အဆွိနဲ့အရိုချည်းပဲလဲဖြစ်ချင်မှဖြစ်မှာမို့ အတတ်နိုင်ဆုံးစိတ်ကူးပုံဖော်ပေးထားသမျှတော့ လက်ခံပေးမယ်မလားဟင်💝 💝💝💝 ဒီထူးပန်နဲ့ငစိုင်းရဲ့ Married Lifeလေးက ရီဒါလေး...