💝M40💝

2.1K 172 35
                                    

Z/

ရံစည်းစိမ်နဲ့ငစိုင်းသည်လည်း မနက်အစောလောက်ထဲက အိမ်မှထွက်လာကာ သင့်တော်ရာ ဟော်တယ်တစ်ခုအား ဆိုင်ကယ် တစ်စီးနဲ့ လိုက်လံရှာဖွေနေခဲ့သည်။နောက်....အချိန်အနည်ုးယ်အကြာမှာပင် အိမ်ကအထွက် လမ်းထိပ်ကတည်းက လိုက်ပါလာသော ဆိုင်ကယ်နှစ်စီးအား သူတို့သတိထားမိလာသည်။ပုံမှန်ဆို ဒါ လျှံဝေသော်ရဲ့ လူတွေပင်ဖြစ်မည်မှာ သေချာသလောက်ရှိသည်။မဟုတ်ရင် ဒီမြို့မှာ သူတို့နှစ်ဦးနဲ့ ရန်ငြိုးရန်စကြီးသူကမရှိသည်ဖြစ်ရာ ဒီတိုင်းသူတို့နောက်ကနေထောက်လှမ်းရုံလောက်ဟုသာ တွေးကာ အမှုမဲ့အမှတ်မဲ့နေခဲ့သည်။

မြို့သစ်ဘက်ရောက်လာတော့
ငစိုင်း အောင်ကြီးကို တစ်ချက်သတိရလိုက်သော်ငြား သူသိရသလောက် အောင်ကြီးက လက်ရှိဒီမြို့မှာ မရှိဟုသိရသည်။သို့သော် ဘယ်မှာရှိနေမှန်းလည်းမသိကြ။ငစိုင်းတို့ ပြသာနာဖြစ်ပြီးနောက် ဘော်ဒါအပေါင်းကလည်း သူ့အားဖယ်ကြည်လိုက်ကြသည်။ငစိုင်း မကောင်းတဲ့အတိတ်တွေအား ပြန်တွေးမနေချင်တာကြောင့် ဝင်လာသမျှ အတွေးတွေအား အမြန်မောင်းထုတ်လိုက်ရသည်။

တစ်မနက်လုံး ပါတ်နေတာတောင် ခုထိ စိတ်တိုင်းကျသည့်နေရာကလည်းရှာမတွေ့။
ဒီကြားထဲ ဟော်တယ်တချို့ကလည်း ကိုစည်းအဖေနဲ့ဟိုလူ့အဖေနဲ့က မလွတ်။လွတ်၍ကျန်သည့်ဟော်တယ်တွေကြလည်း ကိုစည်းကသဘောမတွေ့။ဆိုင်ကယ်ကို ရေထည့်မောင်းနေရသည်အထင်နဲ့များ တစ်မြို့လုံးပါတ်ပြီးတာတောင် ခုထိစိတ်တိုင်းကျရာမတွေ့ပဲ ထပ်ပါတ်ချင်နေသေးဟန်ကြောင့် ကြာတော့ ငစိုင်းလည်းစိတ်ကမရှည်ချင်တော့။

အဲဒီလိုနဲ့ သူလည်း နောက်ဆုံး ဆိုင်ကယ်ကို လမ်းဘေးကြုံရာ ထိုးရပ်၍ လွင်မင်းညို(မှတ်မိလား S-1မှာတုန်းက ကျော်ကြီးရဲ့ ငမဲကောင်ဝမ်းမနာသားလေးတစ်ယောက်ပဲလေ)
ဆီ Ph ဆက်ကာ အကူညီတောင်းရသည်။လွင်မင်းညို ကျေးဇူးနဲ့ သူ့ဦးလေးအပိုင် ငှားရမ်းသည့် လုံချင်းတိုက်လေးတွေထဲက တစ်လုံးယူနေဖို့ပြောလာသည်။သူတို့က ခုအေးသာယာထဲမြို့သစ်ထဲရောက်နေကာသူ့ဦးလေးက လည်း မြို့သစ်ဘက်ကပဲမို့ သော့တခါတည်းဝင်ယူကာနေရုံပင်။သူ လွင်မင်းညိုနဲ့ Ph ပြောနေစဉ်မှာပင် ရုတ်တရတ် မမျှော်လင့်ထားခဲ့ပါသော ကိစ္စတစ်ရပ်ဖြစ်ပေါ်လာခဲ့သည်။သူတို့နောက် တောက်လျှောက်လိုက်နေခဲ့သူတွေထဲက အရှိန်ပြင်းစွာ သူ့ဆီတိုက်ရိုက်ဦးတည်လာပါသော ဆိုင်ကယ်တစ်စီး...။သူမရှောင်လိုက်နိုင်ခင်မှာပင် ကိုစည်းက သူ့ကိုဆွဲပွေ့၍ ဘေးက ပလပ်ဖောင်းပေါ် အရှိန်နဲ့ ပစ်လဲသည်။

မောင့်ကိုချစ်သောကို💝 မောင့်ကိုချစ်သောကို(Married Life)(Complete)Where stories live. Discover now