💝M6💝

6.6K 487 47
                                    

***Zaw&Uni***
******Zawgyi******

ဒီနေ့ကပိတ်ရက်မို့ ထူးပန် ရင်ခွင်ထဲကလုံးကျစ်ကျစ် နွေးအိအိကိုယ်လုံးလေးကို သိမ်းကြုံး ထွေးပွေ့ထားရင်း နိုးနေပါရက်ဆက်ကာမှိန်းနေမိသည်။Exam ပြီးခါမှ စားလိုက်သောက်လိုက်အိပ်လိုက်နဲ့သာ ဇိမ်ကျနေသောမောင်က ခုဆိုနည်းနည်းလေးပြည့်လာကာ ပို၍ပင် ဖက်လို့ကောင်းလာသည်။နောက် ပါးလေးတွေကပိုမို့ကာဖောင်းအိနေပြီး မျက်လုံးဝိုင်းလေးတွေကတော့အနည်းငယ်အစ်ချင်နေသည်။သို့သော် ရဲစိုကာ နူးညံ့လှသည့် နှုတ်ခမ်းပါးလေးတွေကတော့ အချိန်မရွေးအကြိမ်အကြိမ်ရှိုက်နမ်းချင်စဖွယ်။အတွေးနဲ့တင်မလုံလောက်သူက ထိုနှုတ်ခမ်းပါးလေးတွေစီအကြည့်ရောက်တော့ အနည်းငယ်ဟကာ အိပ်ပျော်နေဆဲ မောင့်ပုံစံလေးက လာပါ
နမ်းပါစိတ်ကြိုက်နမ်းရှိုက်ပါဟု ဖိတ်ခေါ်နေသယောင်မို့....ထိုနှုတ်ခမ်းပါးလေးကိုအသာငုံထွေးရင်း အနမ်းတွေကိုအစပျိုးတော့ လူးလွန့်လာသော ကိုယ်လုံးလေးက ရုန်းထွက်ခြင်းမရှိ။ဖြတ်ခနဲပွင့်လာသော တောက်ပရီဝေတဲ့ အကြည့်လေးတွေနဲ့အတူ ပြန်လည်တုန့်ပြန်သော အနမ်းတွေကြားမှာ အလဲလဲအပြိုပြို ဖြစ်ရသူက မိမိသာ။မောင်ဟာလေ လူကိုအဲလောက် အဲလောက်ထိကိုပြုစားနိုင်လွန်းတာ။
အနမ်းတွေကြားလှိုက်ဖိုကာမောဟိုက်တုန်ရီလာကာမှ ကင်းလွတ်ခွင့်ရသော နှုတ်ခမ်းနှစ်စုံမှာ နူးအိကာ ဖူးစိုရဲနေပုံက နောက်တစ်ကြိမ် ရင်ခုန်လှိုက်မောစရာမို့ ထူးပန် အနမ်းယဉ်ကြောကို ဆက်လက်စီးဆင်းနေမိသည်။ပါးလှပ်လှပ်နှုတ်ခမ်းလေးတွေက ပါးစပ်ထဲ ချိုအီနေပုံမှာ ဂျယ်လီလေးတွေအလား ထိုမျှနဲ့မရောင့်ရဲနိုင်သောအခါ လျှာဖျားလေးတိုးဝင်ရန် ကြိုးပမ်းတော့ အသင့်ကြိုဆိုနေသော လျှာနူးအိအိလေးက ဆွဲစုပ်ရစ်ပတ်မှုတွေကြားအလိုက်သင့် ။အနမ်းတွေမည်မျှကြာရှည်ကာ ပြင်းပြခဲ့သည်မသိ နှုတ်ခမ်းထောင့်စွန်းလေးများစီမှ စီးကျလာသော သွားရည်တန်းလေးများက မေးရိုးဆီ ငွေမျှင်တန်းလေးသဖွယ်စီးဆင်းနေသည်က လှပစွာ။နောက်တစ်ကြိမ်အသက်ရှုဖို့ ခက်ခဲလာတော့ မလွှတ်ချင်သေးသော နှုတ်ခမ်းဖူးလေးကို ကြမ်းတမ်းစွာ တစ်ချက်စုပ်ယူလိုက်ပြီးနောက်မှ လွှတ်ပေးလိုက်တော့ မျက်စောင်းလေးက လှပစွာဝင့်ခနဲ။

မောင့်ကိုချစ်သောကို💝 မောင့်ကိုချစ်သောကို(Married Life)(Complete)Wo Geschichten leben. Entdecke jetzt