Z/
အင်းလေးကန်ရဲ့ လှေငယ်လေးပေါ်မှာလည်း.....
လှေဘောင်တန်းကို တင်းတင်းဆုပ်ရင်း မျက်စိစုံမှိတ်၊တုန်ရီနေရှာပါတဲ့လျှံ့ကိုယ်လုံးလေး။ထို ကိုယ်လုံးလေးကို ထွေးပွေ့၍ နှစ်သိမ့်ပေးနေရှာသည့်ကောင်လေးရံစည်းစိမ်။ ချစ်ရသူအား ရင်ခွင်ထဲ သိမ်းထုပ်၍ ချော့မြူနေသည့်ကောင်လေးနဲ့ မျက်လုံးစုံမှိတ် ရင်ခွင်ထဲပုန်းနေလျှက် ကြောက်ရွံ့စိုးထိတ်မှုတို့ကြီးစိုးနေရှာတဲ့ ကောင်လေးနှစ်ယောက်အဖြစ်ကို လှေဦးထိပ်မှ လှေထိုးသားခမျာ လည်း ကြည်နူးရမည်လား ၊သနားရမည်လားတောင် မကွဲပြားမခွဲခြားနိုင်ပေ။
"လျှံ....လျှံ ခနကြည့်
ဟိုမှာ စင်ယော်တွေဘယ်လောက်လှလဲ ခနကြည့်ကြည့် ""ဟင့်အင် မကြည့်ဘူး မကြည့်ချင်ဘူး "
"ဒီလောက်လှတဲ့ စင်ယော်တွေ လျှံမကြည့်လိုက်ရရင်
နှမျောဖို့သိပ်ကောင်းမှာပဲကွာ "
ကလေးချော့သလို ချော့ပြောနေပါသော်ငြား လျှံကမော့မလာ။"ငါ....ငါ မကြည့်ရဲဘူး ရံ "
လျှံက နဂိုတည်းက ရေကြောက်တတ်သူမို့ အခုလက်ရှိ သူ့အခြေနေနဲ့ ရေလယ်ခေါင်မှာ လှေငယ်တစ်စီးနဲ့ ရှိနေရခြင်းအဖြစ်ကို သူသေလုအောင်ကြောက်နေမိခြင်းဖြစ်သည်။အစက သူနဲ့ အတူ လျှောက်လည်ချင်နေသည့် ရံ့ဆန္ဒတွေကို လိုက်လျောချင်ခဲ့သည်ကြောင့် ဒီခရီးစဉ်ကို လက်ခံခဲ့မိသည်။သို့သော် မျက်စိတဆုံး အဆုံးမရှိ ကျယ်ပြောတဲ့ ကန်ရေပြင်ကျယ်ကို မြင်ရချိန်မှာ ခြေထောက်တွေက အကြောသေနေတဲ့ကြား ဒူးတွေတုန်ချင်လာခဲ့သည်။မသိစိတ်ကကြောက်စိတ်ဖုံးတော့ မတော်၍များ သူပြုတ်ကျခဲ့လျှင်။မတ်ာတဆ မတွေးကောင်းတွေးကောင်း ဒီလှေသေးသေးလေးက တိမ်းမှောက်၍နစ်မြုပ်ခဲ့ပါလျှင် ဟု တွေးမိလေတော့ နဂိုဖြူကာနုသော မျက်နှာ မှာ သွေးတစ်စက်မှ မရှိသလို ဖြူစွတ်ကာနေတော့သည်။
အေးစက်တုန်ရီနေတဲ့ သူ့လက်တွေကို ရံမည်မျှပင် ထွေးဆုပ်ကာယုယနေပါစေ သူ့ကြောက်စိတ်အား မဖယ်ရှားနိုင်။ရံ့ကို ချစ်လွန်း၍ သူဒီလှေပေါ်ထိ ရောက်ခဲ့သော်ငြား ကန်ရေပြင်အား ဖြတ်သန်းနေသည်က သူ့အတွက်တော့ အေးမြသောရေပြင်မဟုတ် မီးပင်လယ်ပြင်ကိုဖြတ်သန်းရသည်ကဲ့သို့ စိုးစိတ်ကြောင့် ပူလောင်ကြောက်ရွံ့နေမိသည်။သို့သော် .....
![](https://img.wattpad.com/cover/220796544-288-k892135.jpg)
YOU ARE READING
မောင့်ကိုချစ်သောကို💝 မောင့်ကိုချစ်သောကို(Married Life)(Complete)
Romanceဒီထူးပန်နဲ့ငစိုင်းရဲ့ Married Lifeလေးက ရီဒါလေးတွေမျှော်လင့်ထားတဲ့အတိုင်းဖြစ်ချင်မှလဲဖြစ်မယ်အဆွိနဲ့အရိုချည်းပဲလဲဖြစ်ချင်မှဖြစ်မှာမို့ အတတ်နိုင်ဆုံးစိတ်ကူးပုံဖော်ပေးထားသမျှတော့ လက်ခံပေးမယ်မလားဟင်💝 💝💝💝 ဒီထူးပန်နဲ့ငစိုင်းရဲ့ Married Lifeလေးက ရီဒါလေး...