💝M2💝

12.6K 663 58
                                    

***Zaw&Uni****

******ZawGyi******
******ZawGyi******

ထူးပန်
ဒီနေ့က ပထမဆုံးအလုပ်စဝင်တဲ့ရက်မို့ သူ့အတွက်က သင်ယူလေ့လာမှတ်သားရတာတွေကအတော်များသည်။ဒီကြားထဲ ဌာနက ဝန်ထမ်းတစ်ချို့က သူ့ကို ဘယ်သူဘယ်ဝါ ရယ်လို့ ခြူးကပြောထားပုံပင်။ဒါကြောင့် တချို့က ယာယီ ဤဌာနမှာ လာလေ့လာသင်ယူသော သူ့ကို တစ်နေ့သူတို့အထက်အရာရှိဖြစ်မဲ့သူရယ်လို့လည်း ရှိန်နေကြပုံပင်။ဒါကြောင့် သူ့မှာ ထိုလူများနဲ့ မနည်းပင်ရောကာနှောကာ မိတ်ဆတ်ရသည်။အနေမခက်ကြဖို့ရန်လည်းအတော်လေးလုပ်ယူရသည်က အလုပ်လုပ်ရတာထက်ပင် ပိုပင်ပန်းသလိုရယ်ပါ။ဒါတွေက မိခြူးမ ကောင်းမှုအကြောင်းပြုလို့သာပေါ့ ဟူးးး မလွယ်ပါဘူးနော်။ခု သူနေ့လည်စာ စားဖို့ကြံတော့ ၁ချက်တောင်ခွဲချေပြီ။

အင်း ဒီအချိန် မောင်အတန်းဝင်နေမလား ။ဒါမှမဟုတ် နားနေလေမလားက အတွေးရောက်ကာ စိတ်က မောင့်ဆီဦးစွာပြေးသွားသည်။နောက် မိမိ စားပွဲအံဆွဲထဲမှ ဖုန်းလေးကိုယူလိုက်တော့ ဖုန်းScreen ထက်ပေါ်နေသည်က ကျော်ကြီးဆီက ၁ဝကြိမ်လောက်သော မစ်ကောများနဲ့ Sandi ဆီက မစ်ကောတွေ။ထူးပန် ရင်ထဲ ဒိတ်ခနဲဖြစ်သွားကာ ဘာအကြောင်းရယ်မသိရသေးခင်ထဲက စိတ်ရောလူရောက ပူပန်မှုကြောင့် တုန်ရီနေချေပြီ။သူ ဦးစွာ စိုင်းဖုန်းကို ခေါ်တော့ ဖုန်းကဝင်ပြီး မကိုင်။ဒါနဲ့ ကျော်ကြီးဆီခေါ်တော့ ကျော်ကြီးက ချက်ချင်းကိုင်ရှာသည်။တစ်ဖက်က ကိုင်လိုက်သည်နှင့် သူ့မှာ ဟဲလိုတောင်မပြောနိုင်တော့ဘဲကျော်ကြီးအား အမောတကော မေးမိသည်က.....

"ကျော်...ကျော်ကြီး...
မောင်... မောင်ရော....မောင်ဘာဖြစ်လို့လဲ
မောင်တစ်ခုခု ဖြစ်လို့လားဟင် မင်းငါ့ကိုဖုန်းခေါ်ထားတာ အများကြီးပဲ အားရူးတော့မှာပဲ....
မောင်...မောင်ဘာမှမဖြစ်ဘူးမလားဟင်....
မောင်ရော....မောင်ရောလို "စိုးရိမ်မှုက ဒီဂရီမြင့်တက်နေတော့ နောက်ဆုံးထူးပန်လေသံမြင့်သွားရသည်က သူ့ကိုပြန်မဖြေသော ဝက်စုတ်ကြောင့်။
[နင်ကရော ငါ့ဝက်ကလေးကိုပြန်ဖြေချိန်ပေးသေးလို့လားဟယ်☹️]

*လခွမ်း! ဘယ်လိုဖြစ်လို့ ဒီနှစ်ယောက် ငါ့ပဲလာအော်နေကြတာတုန်း *ကျော်ကြီးစိတ်ပေါက်မိသော်လည်း ထူးပန်တကယ် ရင်ပူနေဟန်ကြောင့်.....

မောင့်ကိုချစ်သောကို💝 မောင့်ကိုချစ်သောကို(Married Life)(Complete)Tempat cerita menjadi hidup. Temukan sekarang