💝M7💝

5.9K 450 64
                                    


***Zaw&Uni***-

*******ZawGyi******

စိုင်းစိုင်း
မေမေတို့နဲ့ဖုန်းပြောပြီး အခန်းထဲပြန်ဝင်လာတော့
ကိုကိုက အလုပ်စားပွဲမှာ ထိုင်နေရင်းလှည့်ကာလက်ဆန့်တန်းကာ ကြိုဆိုရာ စိုင်း ကိုကို့ပေါင်ပေါ်ဝင်ထိုင်ကာ လည်တိုင်ကိုလက်နှစ်သွယ်နဲ့ ယှက်ကာ ခိုထားလိုက်သည်။ကိုကိုက.......

"မေမေတို့ နေကောင်းကြရဲ့လားမောင်...."

"အင်း....ကောင်းတယ်မငြိမ်းတောင်ခုနကမှ
ပြန်သွားတယ်တဲ့...."

"အင်း....သူတို့ရော အဆင်ပြေရဲ့လား"

"ပြေပါတယ် မငြိမ်းကယောကျာ်းရကံကောင်းတယ်"

"မောင်ကရော..."
သူမေးတော့ သွားတက်ကလေး လှစ်ခနဲပေါ်အောင်ရီကာ နှာသီးလုံးလုံးလေးက သူ့နှာခေါင်းကို တို့ထိ ကျီစယ်ရင်း.....

"မောင်က ပိုကံကောင်းတာပေါ့
မောင့်လောက် ဘယ်သူကကံကောင်းနိုင်အုန်းမှာတဲ့လဲ....."

"အွင်း....ချစ်လိုက်တာ...."ဆိုကာ လူပေါ်က ပြည့်ပြည့်ကစ်ကစ် ကိုယ်လုံးလေးကို ဖျစ်ညှစ်ရင်းဆိုတော့
သူ့နှုတ်ခမ်းလေးတွေ ခနလောက် နူးညံ့နွေးထွေးပီး ချိုမြိန်တဲ့ နှုတ်ခမ်းလွှာလေးတွေကြား ရောက်ရှိသွားသည်မှာ တမေ့တမော။အတန်ကြာမှ လွှတ်ပေးလာသော ထိုနှုတ်ခမ်းပါးတွေပိုင်ရှင်က...

"ကိုကို အလုပ်မပီးသေးဘူးမလား
ဆက်လုပ်လိုက်အုန်း...."ဆိုကာ သူထတော့...ကိုကိုက လက်ဖဝါးလေးတွေကို ဖမ်းဆုပ်ကိုင်ကာမလွှတ်သေးပဲ ဆွဲယူကိုင်တွယ်နေရင်းမှ.....

"အင်း နည်းနည်းကျန်သေးတယ်
မောင်က အိပ်တော့မှာလား..."

"မအိပ်သေးပါဘူး ကိုကို့ကို ဂိမ်းဆော့ရင်းေ
စာင့်နေမှာပေါ့....အာ့မို့ အေးဆေးလုပ်
ဟုတ်ပီလား....မွ..."ဆိုကာ သူ့လက်လေးတွေကိုဆွဲယူရုန်းထွက်ရင်း ပါးပြင်ကို အနမ်းလေးပေးပြီး ကုတင်ပေါ် တက်ကာ ခေါင်းအုန်းလေးတွေဆင့်ဂိမ်းဆော့ဖို့ ပြင်ပြီးသည်အထိ မိမိကိုယ်သာ ကြည့်နေသော ကိုကို့ကို သူမေးလေးငေါ့ကာ အလုပ်လုပ်ရန် ပြောတော့မှ ကိုကိုက ခေါင်းလေးငြိမ့်ကာ အလုပ်ပြန်လုပ်သည်။

မောင့်ကိုချစ်သောကို💝 မောင့်ကိုချစ်သောကို(Married Life)(Complete)Where stories live. Discover now