Z/
ငစိုင်း ခြံထဲမှာ ထိုင် စာဖတ်နေစဉ် အနားမှာ လပ်တော့တစ်လုံးနဲ့အလုပ်လုပ်နေသော ကိုကို့ကို
"ကိုကို...." သူခေါ်လိုက်သည်ကြောင့် ကိုကိုက လှည့်ကြည့်လာသည်။ငစိုင်း ကိုကို့ကို သွားတက်လေးပေါ်၊ဂေါ်လီလုံးလေးတွေ မြုပ်သွားသည်အထိ ရယ်ပြလိုက်ပြီး
"မောင် ရေခဲမုန့်စားချင်တယ် "
"မစားရပါဘူး ချောင်းဆိုးလိမ့်မယ် "
"ကိုကိုကလည်း တစ်ခုထဲပဲလေ "
"တစ်ခုလည်းမရပါဘူး ပေးမစားဘူး မစားရဘူးမောင် "
"ဟွင့် ဟိုနေ့ညက ကိုကိုပြောတော့ မောင့်ကိုအလိုလိုက်ပါ့မယ်ဆို
ဘာစားချင်ချင် ဝယ်ကျွေးမယ် လုပ်ကျွေးမယ်ဆို
ကိုကိုညာတယ် ကိုကိုလူလိမ်ကြီး
သူများကို ဗိုက်ကြီးကြီးနဲ့ကိုမတည်နိုင်တဲ့စကားတွေနဲ့ လူကိုလိမ်ယူတယ် ညာလုပ်တယ် ။သူများက သူ့အလိမ်ညာစကားတွေကို ယုံပြီး ဗိုက်ကြီးကြီးနဲ့ကို အလုပ်ခံရတယ် အီးဟီး မတရားဘူး ကိုကိုမတရားဘူး အီးဟီး သူများကို မတရားဘူး အီး...ဟီး ရွှတ်စ် "မျက်ရည်တွေ ဘူးသီးလုံးလောက်ကျပြီး နှပ်တရွှတ်ရွှတ်နဲ့ တကယ်ကြီး အော်ငိုလာတဲ့ မောင့်ကြောင့် ထူးပန်မှာ လုပ်လက်စအလုပ်ပင်ဆက်မလုပ်နိုင်တော့ပေ။ဗိုက်ပူပူလုံးလုံးလေးနဲ့ ကလေးကြီးလို အော်ငိုနေတဲ့ မောင့်စကားတွေကြောင့် သူ့မှာရယ်ရခက်၊ငိုရခက်ပင် ဖြစ်ရသည်။တကယ်ဆို အဲဒီနေ့ကလည်း မောင့်ပဲ သူ့ကိုအရင်လာမြူစွယ်တာပင်။အလည်လေးက သူလိုချင်တဲ့ ကတိကိုရအောင်ယူပြီး လူကိုမြူစွယ်မှတော့ ဒီလူက ခံနိုင်ရိုးလားလေ။ဆုထူးပန်တို့ ရာဇဝင်အတိုင်း မောင့်လက်တွင်း အညံ့ခံ သက်ဆင်းခဲ့ရသည်ပင်ဖြစ်သည်။အခုလည်းကြည့်....အလည်လေးက သူရေခဲမုန့်စားချင်သည်နှင့် မာယာတွေထုတ်သုံး၍ သူ့စကားကတိကို လက်နက်အဖြစ်အသုံးချလေပြီ။
"Okok မငိုနဲ့တော့ ဝက်ကလေး
ကျွေးမယ် ကျွေးမယ် ဟုတ်ပြီလား ဒါပေမဲ့ တစ်ခုလုံးတော့မရဘူး တစ်ဝက်ပဲနော် "
ဗိုက်ပူပူလုံးလုံးလေးနဲ့မောင်က ခါးမပေါ်တော့ဘဲ အရင်ကထက် ပိုဖြူ၊ပိုဖွေး၍ လုံးလုံးတုတ်တုတ်လေးဖြစ်လာပြီး အားကြီးချစ်စရာကောင်းလာသည်။အခုလည်းကြည့် နှုတ်ခမ်းလေးကို စူထော်ထားပြီး သူ့မေးလေးကို လက်ညိုးလေးနဲ့ခြစ်၍ ဘာတွေအကြံထုတ်၊ဉာဏ်ထုတ်နေပြန်သည်မသိ။
ESTÁS LEYENDO
မောင့်ကိုချစ်သောကို💝 မောင့်ကိုချစ်သောကို(Married Life)(Complete)
Romanceဒီထူးပန်နဲ့ငစိုင်းရဲ့ Married Lifeလေးက ရီဒါလေးတွေမျှော်လင့်ထားတဲ့အတိုင်းဖြစ်ချင်မှလဲဖြစ်မယ်အဆွိနဲ့အရိုချည်းပဲလဲဖြစ်ချင်မှဖြစ်မှာမို့ အတတ်နိုင်ဆုံးစိတ်ကူးပုံဖော်ပေးထားသမျှတော့ လက်ခံပေးမယ်မလားဟင်💝 💝💝💝 ဒီထူးပန်နဲ့ငစိုင်းရဲ့ Married Lifeလေးက ရီဒါလေး...