💝M9💝

5K 411 78
                                    

****Zaw&Uni****

******Zaw*****
စိုင်းပြန်သွားပြီးသိပ်မကြာ အခန်းထဲဝင်လာသောခြူးက.....

"ထူးပန် ငါ ကိုအုပ်စိုးပိုင် ကို
နေ့လည်စာ လိုက်ဧည့်ခံလိုက်အုန်းမယ်
ဒင်နာကို တော့နင်တာဝန်ယူလိုက်ဟာ Ok?"

"မOk ဘူး...."သူ့ဆီကတုံးတိတိအဖြေစကားကြောင့် ခြူးကအံသြကာ.....

"ဟဲ့ ဘာလို့တုန်း...."

"ငါ ဒီနေ့ စောပြန်မှာ...."

"ဘာလို့...?"

"ဒီနေ့က ငါတို့မင်္ဂလာသက်တမ်း
၃လပြည့်တဲ့နေ့ ငါမောင့်ကိုအချိန်ပေးချင်သေးလို့ပါဟာ နော် ခြူး လုပ်ပါဟာ
ဟို....နေ့လည်စာ ငါလိုက်ကျွေးလိုက်မယ်
နင်က ဒင်နာတွက် တာဝန်ယူလိုက်"
သြော....ဖြစ်သွားတာက ခုနကလေသံနဲ့တခြားစီ
"ဟဲ့... နင်က ခုနကပဲ
စားပြီးပြီ မဟုတ်ဘူးလား...."

"ရတယ် ပြသာနာမရှိဘူး
ငါလိုက်ပို့လိုက်မယ် သူကဘယ်မှာလဲ"
ခြူး ဟော်တယ်နာမည် ပြောပြလိုက်ပြီး....
တစ်စုံတစ်ခုကို အမှတ်ရကာ....

"ဟဲ့ ထူးပန်
နင်သတိတော့ထားအုန်း
ဟို...."

"ဘာလဲဟ နင်ကလဲ...."

"ဟို....ဟိုဟာ
သူ...သူက ယောကျာ်းတွေကြိုက်တဲ့သူဟဲ့
အဲ့ကိစ္စနဲ့ ပက်သက်ပြီး နာမည်ကသိပ်ကောင်းတာ
မဟုတ်ဘူး....ဘာပဲဖြစ်ဖြစ် နင်သတိတော့ထား
တော်ကြာ ငါ့သူငယ်ချင်းခန့်ခန့်ချောချောလေးကို
မျက်စိကျသွားမှာ စိုးလို့....." တကယ်လည်း ခြူး ထူးပန်ကိုစိတ်ပူသည်။မပူနေရိုးလား ကိုအုပ်စိုးပိုင်ကြီးကထူးပန်နဲ့ မိတ်ဆက်ပေးပြီးကတည်းက အကြည့်တွေက ထူးပန်ဆီသာဝေ့ဝဲနေခဲ့သည်။Meeting Roomထဲမှာလည်း ထူးပန် တင်ပြချက်၊ဆွေးနွေးချက်များအား ပြုံးပြုံးကြီးလုပ်ထောက်ခံနေသည်က သိပ်တော့မဟုတ်၊ခြူးစိတ်ထဲအဆင်ပြေမနေ။မိမိသူငယ်ချင်းလေးက အခုမှ အခက်အခဲတွေအများကြီး ဖြတ်သန်းပြီးကာမှ သူ့အိမ်ထောင်ဖက်နဲ့သူ အေးချမ်းသာယာမလို့ရှိသေးမည်သည့်အကြောင်းနဲ့မှ အနှောက်ယှက်ဖြစ်စရာ မဖြစ်ပေါ်စေချင်။

"ဟား....ပူမနေစမ်းပါနဲ့ ခြူးရယ်
ငါ့အတွက်က မောင်တစ်ဦးထဲပဲရှိတယ်
မောင့်တစ်ယောက်ကပဲ ငါ့ဘဝရဲ့အရာရာ
ကျန်တာ ဘယ်လိုလူမျိုးမှ ငါစိတ်မဝင်စားဘူး...."
ထူးပန်လည်း ခြူးစိတ်ပူနေသည်ကိုသိပါသည်။ထို့လူ၏ မိမိအပေါ်အကြည့်များအားလည်း သိပါသည်။သို့သော် သူဂရုမစိုက် သူ့အတွက်က မောင်သည်သာ တစ်ဘဝလုံးစာအတွက် အသည်းအသက်ပင်။

မောင့်ကိုချစ်သောကို💝 မောင့်ကိုချစ်သောကို(Married Life)(Complete)Where stories live. Discover now