💝M29💝

1.6K 142 29
                                    

ဒီလိုနဲ့ပဲ နေသားကျလာတဲ့နေရက်အချို့နဲ့၊မသိလိုက်မသိဘာသာ ကုန်ဆုံးလာတဲ့နေ့ရက်တွေရဲ့ ရက်သတ္တပါတ်အမြောက်မှာ

"ကိုကို...."

"အင်း..."

"မနေ့က မေမေနဲ့ဖုန်းပြောဖြစ်တယ်"

"......."

"အဲဒါ မေမေက မောင့်ကို ပြန်လာစေချင်ပုံပဲ
မေ့သားလေး မျက်နှာ မတွေ့ရကြာတော့ မေ့တောင်မေ့ချင်နေပြီတဲ့"

"တစ်ခါတလေ Vcall ပြောကြတယ်မဟုတ်ဘူးလား"

"ဟို...မတူဘူးလေ ကိုကိုရာ"ထူးပန် အလုပ်စားပွဲမှ လုပ်လက်စ အလုပ်ကို ခနရပ်ထားပြီး နောက်လှည့်ကြည့်တော့ မောင်က အိပ်ယာစွန်းမှာ ခြေချင်းဝတ်ချင်းလှိမ်ချိတ်ထားပြီး လက်တစ်ဖက်ကိုပိုက်ကာ တစ်ဖက်ကို ပါးစပ်ထဲထည့် လက်သည်းကိုက်နေတာက မောင်တစ်ခုခု တောင်းဆိုချင်တဲ့အခါ၊စိတ်လှုပ်ရှားတဲ့ခါ၊အပစ်လုပ်ထားမိလို့ ဝန်ခံမဲ့ချိန်တွေမှာ လုပ်တတ်သောအမူအကျင့်လေး။သူပြုံးလိုက်ပြီး....

"မောင်က တောင်ကြီးပြန်ချင်နေလို့လား"

"မောင်ပြန်လို့ရလား"

"ကို့ကို ခနတော့စောင့်
ကို အလုပ်တွေကို ဒီတစ်ပါတ်ထဲ အပြီးသတ်လုပ်နိုင်အောင်...ရက်ပိုင်းလောက်ပဲ..."

"ဟို...ကိုကိုအလုပ်တွေများနေတာ
လိုက်ပို့မနေပါနဲ့.."ဤ စကားမှာ ထူးပန်နှလုံးသားလေး ပြုတ်ကျသွားတော့မလို ဖြစ်ကာ...

"မောင်က တစ်ယောက်ထဲသွားမလို့လား"ဤစကား၏ အဖြေအား သူမကြားဝံ့သော်လည်း တုန်ရီချင်နေသော အသံကို အတတ်နိုင်ဆုံး ထိန်း၍ တုန်လှုပ်နေသော နှလုံးသားကို ချွန်းအုပ်ကာ မေးမိသည်။

"ဟို ...မောင်တစ်ယောက်ထဲမဟုတ်ပါဘူးကိုကိုရဲ့
စိတ်မပူပါနဲ့...မောင့်အသိက သူလည်း အဲ့ဘက်ခရီးစဉ်ရှိလို့..သူနဲ့သွားမလားလို့"

"အော်...မောင်က စီစဉ်ပြီးသားကိုး
အွင်းလေ ဒါဆိုလည်းသွားပေါ့
ဘယ်တော့သွားမှာလဲ "

"သဘက်ခါမနက်အစောပိုင်းလောက်သွားဖြစ်မယ်"

"အင်း...သူလာခေါ်မှာလား"

မောင့်ကိုချစ်သောကို💝 မောင့်ကိုချစ်သောကို(Married Life)(Complete)Donde viven las historias. Descúbrelo ahora