💝M58💝

2.3K 169 31
                                    

Z/

One Year Latter..........
ငစိုင်း အပေါ်ထပ် ဧည့်ခန်းအပြင်မှာ အမွှေးပွ အခင်းထူထူပေါ် ဖင်လုံးလုံးလေးတွေနဲ့ လေးဘက်ထောက်ရင်း တစ်ယောက်ကိုတစ်ယောက်လိုက်တမ်း ဆော့နေသည့်  သမီးနှစ်ယောက်ကြား လဲကျမသွားကြလေအောင် လိုက်ထိန်းနေရသည်။ပိစိလေးတွေက တကယ်ကို မျောက်ရှုံးအောင်အဆော့သန်သည်မို့ မိန်းကလေးမို့သာ တော်ပါသည်။

ထိုစဉ် သူထိန်းနေသည့်ကြားမှ ဗိုင်းခနဲ လဲကျသွားသော သမီးငယ်။ဘယ်လောက်ဆော့သလဲဆို လေးဘက်ထောက်ရင်း မှ ပိုးလို့ပက်လက် လန်အောင် လဲကျသွားတာသာကြည့်။ဒါတောင် အပေတေလေးက တစ်စက်လေးမှမငို။

"ပန်သုရေ...ဖေပြောတယ်မလား အဲလောက်မဆော့ပါနဲ့ဆို
ခုတော့ကြည့် လဲပြီမလားဟင် တွေ့လား အဲဒါဖေ့စကားနားမထောင်လို့ဖြစ်တာ တကယ်ပါပဲ ဟိုက သူ့ဖေဖေမြင်ရင် ငါကပဲ ဒီကလေးနှစ်ကောင်တောင် မထိန်းနိုင်ဘူးဖြစ်အုန်းမယ် ငါလေ တကယ်နေရာချင်းသာ လဲချင်တော့တယ်ရယ် " သူဆူသာဆူနေတာ သမီးငယ်က သူ့အား အဖတ်ပင်မလုပ်။သူပွေ့ချီပေးတာလည်း မလိုက်ပဲ သူ့ဘာသူလှိမ့်၍ လေးဘက်ကုန်း၍ ထထိုင်သည်။နောက် လက်ကလေးနှစ်ဖက် အချင်းချင်းရိုက်၍ ဟီးခနဲတောင်ရယ်ပြလာသေးသည်။အံမယ်.....သူ့ဟာသူ ထနိုင်ပါတယ်ပေါ့။တကယ့် မနိုင်စိန် ပန်သုထက်လေးပါ။

ငစိုင်းစိတ်ကုန်လက်ကုန်နဲ့ ဖင်ထိုင်ချ၍ ဒင်းလေးတို့ကို စိုက်သာကြည့်နေလိုက်တော့သည်။အံမယ်......
အလည်မလေးက သူ့ဖေ စိတ်ဆိုးနေတာလည်းအသိဗျာ။လူပေါ်၊ပေါင်ပေါ် ကုပ်ကပ်တက်လာပြီး လည်ပင်းကိုဖက်၍ အာဘွားက ပေးသေးသည်။နောက် တစ်ခစ်ခစ် ရယ်၍ ဖအေကို ပါးကိုတဖြန်းဖြန်းလာရိုက်လိုက်၊နှာခေါင်းထဲ လက်ထိုးထည့်လိုက်နဲ့ ဒါကချော့နေပါသည်ပေါ့။
အမလေး ငစိုင်းတို့ကတော့ အချော့ခံနေရသည်လား ၊အတွယ်ခံနေရသည်လား တကယ်မသဲကွဲတော့ဘူး။

သမီးငယ်က ဖအေပေါင်ပေါ် ခုန်ပေါက်ဆော့၍ မြူးနေတော့ သမီးကြီးကပါ တစ်ဖက်ပေါင်ပေါ် ကုပ်တွယ်တက်၍ သူတို့လက်သေးသေးလေးတွေနဲ့ လူကိုလည်ပင်းအား သိုင်းဖက်ထားသည်။ဒီတော့ ငစိုင်းက သူတို့လဲမကျသွားရအောင် ခါးလေးတွေသိုင်းဖက်၍ ထိန်းထားရသည်။နောက်နှစ်ယောက်ပေါင်း လူကိုမျက်နှာ တဖြန်းဖြန်း တဖြတ်ဖြတ်ရိုက်၍ ဟိုထိုး ဒီကလော် ဝိုင်းနှိပ်စက်နေခြင်းခံနေရသည်။ဒီကြားထဲ ခြေထောက်လေးတွေက အငြိမ်မနေခုန်ပေါက်လို့ ပေါင်ကိုကြိတ်မိရင် နာလို့အော်ရသေးသည်။ဒါကိုပဲ ဒင်းလေးတို့က သူတို့ကို မြူတယ်ထင်၍ မြူးလေသလားမသိ။ဇွတ်ကို ခုန်ပေါက်မြူးနေပါတော့သည်။

မောင့်ကိုချစ်သောကို💝 မောင့်ကိုချစ်သောကို(Married Life)(Complete)Where stories live. Discover now