💝M12💝

4.3K 334 65
                                    

*******Zawgyi********(🔞🔞🔞)
ကျော်ကြီးနဲ့ငစိုင်း
ရံစည်းစိမ်ရဲ့ တောင်ကြီးမှ မိဘများအမည်နဲ့လိပ်စာကိုသိလိုက်ရတော့ အနည်းငယ်တော့အံသြသွားသည်။အံသြဆို ရံစည်းစိမ်ရဲ့ မိဘများကလည်း မြို့ပေါ်က လူကုံထံအသိုင်းဝိုင်းက မျက်နှာကြီးတွေပဲကိုး။နောက် သူတို့အမြဲသွားနေကြ "DreamLand "က ရံစည်းစိမ်မိဘများအပိုင်။

သို့သော် သူတို့ ထိုလူကို လုံးဝမသိ တခါတရံမှ မမြင်ဘူးမတွေ့ဖူးခဲ့ပါ။ခုတော့ ထိုသူက မိမိတို့ရှေ့မှရံစည်းစိမ်ဖြစ်နေသည်တဲ့လား။ဦးဓနရံရဲ့ သားက သိပ်တော်ပြီးထက်မြတ်တာ ဟု နာမည်ကြီးသော်လဲ သူ့နာမည်ကိုတော့ ဂဂနနရေရေရာရာ သိသူကတကယ်ရှားပါလိမ့်မည်။
နောက် ဦးဓနရံ ရဲ့သားက နိုင်ငံခြားမှာကျောင်းသွားတက်ပြီး မန်းလေးမှာ သူငယ်ချင်းတစ်ဦးနဲ့ စပ်တူရှယ်ရာ လုပ်၍ ကိုယ်ပိုင်လုပ်ငန်း၊စီးပွားရေးတွေ ထူထောင်ရင်းနေသည်ဟုတော့ကြားဖူးသည်။ဒီတော့ သူ့ရဲ့ စပ်တူရှယ်ယာ စီးပွားဖက်က နိုင်ငံခြားမှကျောင်းပြီး ဘွဲ့ရခဲ့ပါသော ဖူးပွင့်သော်ရဲ့အကို လျှံဝေသော် မှ ဟုတ်ပါလေစ...။အဟက်...... ဟဟ
ခုမှပဲ ငစိုင်းတစ်ယောက် ဆက်စပ်ကာ တွေးမိတော့ မထိန်းနိုင်ပါ ရီမိသည်က သွားတက်လေးတောင် လှစ်ခနဲ လက်ခနဲ ပေါ်လွင်သွားသည်။ဒါကို ထိုလူက ငေးမိသွားသလို တစ်ယောက်ထဲအတွေးပေါက်ကာ ရီနေတဲ့စိုင်းကို ကျော်ကြီးနဲ့စန္ဒီကတော့ ဘာမှမသိ ကြောင်ကာသာ ကြည့်နေသည်။

ရံစည်းစိမ်ကတော့ ငစိုင်းဘာကြောင့်ရီရခြင်းအကြောင်းကို သူသိလိုက်သည်။သေချာတယ် ဒီကောင်လေး သူနဲ့ လျှံ့ရဲ့ ပက်သက်ဆက်နွယ်မှုကို သိသွားပြီ။အဟင်း.....ဒီလောက်လွယ်လွယ်နဲ့ ထုတ်ပြလိုက်ဖို့ မရည်ရွယ်ပေမဲ့ ဘာကြောင့် သူ ဒီအစကို ဆွဲထုတ်ခွင့်ပေးလိုက်မိပါလိမ့်။သေချာတာက ဒီကောင်လေးရဲ့ ဖြူစင်တဲ့မျက်နှာ အေးချမ်းကာအပစ်ကင်းစင်တဲ့ ပုံလေးက တခါတရံ သူ့ရဲ့ရည်ရွယ်ချက်နဲ့အမုန်းတွေကို လျှော့ပါးစေတဲ့ထိ။ထိခိုက်နစ်နာခဲ့ကြရသူက ချစ်ရသူရဲ့ မိသားစုသာမဟုတ်ပါလျှင် ဒီကောင်လေးကိုလည်း အခုလိုအပူပင်ကင်းကင်း အမြဲရယ်မောပျော်ရွှင်စေချင်ပါသည်။

မောင့်ကိုချစ်သောကို💝 မောင့်ကိုချစ်သောကို(Married Life)(Complete)Where stories live. Discover now