*****Zawgyi*****
ရာသီအချိန်ခါက ဆောင်းဦးရာသီရဲ့ နိဒါန်းအစပြုချိန်ခါမို့......
ရံစည်းစိမ် တစ်ယောက် မိမိရဲ့ တစ်ပင်တိုင်မြနန်းဘုရင်....ရွှေအိမ်စံ နှလုံးသည်းသက်သခင်အတွက်.....
သျှားညိုရောင် ဆွယ်တာလေးကို ဝင်ဝယ်ပြီးသကာလ ညစာအတွက် လျှံ့အကြိုက် ကြေအိုးကို ပွဲကြီး တစ်ပွဲပါဆယ်ဆွဲကာ အိမ်ပြန်ခရီးကို အဆုံးသတ်ရန် ဘယ်မှ ထပ်မဝင်နေတော့ပဲ အချစ်ရှိရာဆီသို့သာ တန်းတန်းမတ်မတ် ပြန်လာခဲ့လိုက်သည်။မိမိ အိမ်ပြန်ရောက်တော့ တိုက်ဘေးနားက သရက်ပင်ကြီးအောက်မှခုံပတ်ပါတ်လည်ဝိုင်းနားကော်ဖီခွက်လေးရယ် စာအုပ်အချို့ရယ်နဲ့ ဝှီးချဲပေါ်မှာပင် ထိုင်၍ စာဖတ်နေသောလျှံ။အင်း....တီသော် ပြန်ရောက်နေပြီ ထင်ပါရဲ့။တစ်ခြားသူ ထိကိုင်တာ မကြိုက်သော ၊အနားရှိတာမကြိုက်တက်သော လျှံ့ကို တီသော်ပဲ အိမ်ပြင်ခေါ်ထုတ်ပေးထားတာဖြစ်မည်က မေးစရာမလို။
သူ့ကားလေး လှိမ့်ဝင်လာတော့ လက်ခနဲ ဖြစ်သွားသော ကြည်လဲ့လဲ့ မျက်လုံးလေးတွေက မိမိအမြင်မှားတာများ၊စိတ်ထင်မိတာလား ကမသေချာ။ဟင်း.....ထားပါလေ ဘာကိုမှ နည်းနည်းလေးမှ မမျှော်လင့်မိစေနဲ့ ရံစည်းစိမ်
လျှံ့အတွက်က မင်းက သူငယ်ချင်းကောင်းတစ်ယောက်၊ညီအစ်ကို ၊အင်း ညီအစ်ကိုတွေလိုပဲ ဟုတ်တယ် မင်းမှာ အဲထက်ပို လောဘတက်ခွင့်၊မျှော်လင့်ခွင့်မရှိဘူး ရံ။ လျှံ့အနားမှာ မင်းဆက်ရှိချင်သေးရင် အဲ့လိုမြူတစ်မှုန်စာ မျှော်လင့်ချက်တွေကိုပါ ဖျောက်ဖျက်နိုင်မှ ဖြစ်မယ်။သူကားပေါ်က ဆင်းတော့ လျှံက ဝှီးချဲလေး တွန်းလာရန် ပြင်တော့ လျှံသူ့အနားလာစရာမလိုအောင် သူပဲ လျှံ့အနား အပြေးလေးသွားမိသည်။အနားရောက်တော့ ပေါင်ပေါ်က လျှောကျလုလု တဘက်စောင်လေးအား အပေါ်ပြန်ဆွဲခြုံပေးလိုက်ရင်း....
လက်တစ်ဖက်က ကြေးအိုးပွဲ ကို မြှောက်ပြကာ"ငါ....မင်းအကြိုက်ကြေးအိုးဝယ်လာတယ်လျှံ
မင်းမစားရတာ ကြာပြီမလား....
လာသွားစားကြစို့
ဗိုက်ရော ဆာနေပြီလား...""အင်း....မင်းဒီနေ့ နောက်ကျတယ်..."
"အာ....ဟုတ်သား
ခနနော် လျှံ"ဆိုကာ ကားပေါ်မှာ ကျန်ခဲ့သော ဆွယ်တာထုပ်လေးကို ပြန်ပြေးယူရသည်။နောက် ထိုအထုပ်ကော ကြေးအိုးပွဲကိုပါ လျှံ့လက်ထဲ ထည့်ပေးပြီး သူကတော့ လျှံ့ဝှီးချဲလေးကို အသာတွန်း၍ အိမ်ထဲဝင်လာခဲ့ကြသည်။
![](https://img.wattpad.com/cover/220796544-288-k892135.jpg)
YOU ARE READING
မောင့်ကိုချစ်သောကို💝 မောင့်ကိုချစ်သောကို(Married Life)(Complete)
Romanceဒီထူးပန်နဲ့ငစိုင်းရဲ့ Married Lifeလေးက ရီဒါလေးတွေမျှော်လင့်ထားတဲ့အတိုင်းဖြစ်ချင်မှလဲဖြစ်မယ်အဆွိနဲ့အရိုချည်းပဲလဲဖြစ်ချင်မှဖြစ်မှာမို့ အတတ်နိုင်ဆုံးစိတ်ကူးပုံဖော်ပေးထားသမျှတော့ လက်ခံပေးမယ်မလားဟင်💝 💝💝💝 ဒီထူးပန်နဲ့ငစိုင်းရဲ့ Married Lifeလေးက ရီဒါလေး...