Z/
ငစိုင်း
ကိုစည်းတို့ကို ဘာမှလုပ်မကူပါနဲ့ ထိုင်နေပါဆိုသည့်ကြားက ကိုစည်းက သူတို့နဲ့ ဝိုင်းကူလုပ်ပေးလာပါသည်။အတော်များများ ပြီးသလောက်လည်း ရှိနေပြီမို့ တစ်နေကုန်လုပ်ကိုင်ထားသမျှ ရေမိုးချိုး ပြင်ဆင်ရန် လူစုပြန်ခွဲကြသည်။ကျော်ကြီးနဲ့ စန္ဒီက ခနပြန်သွားပြီး တီလေးကရောက်လာရာ စန္ဒီ့မေမေက တီလေးနဲ့အဖော်ပြုနေပေးသည်။ဒေါ်ဆုမာလာဝေလည်း ရေအမြန်ချိုးကာ ခြံထဲပြန်ဆင်းလာခဲ့သည်။မေမေဆင်းလာပြီး ကျော်ကြီးနဲ့ စန္ဒီ ပြန်ရောက်လာကာမှ ထူးပန်နဲ့ငစိုင်း အပေါ်ပြေးတက် အမြန်ပြင်ကြရသည်။
ငစိုင်း ကိုကိုနဲ့သူ့အတွက် ဆင်စွယ်ရောင် Suit ဆင်တူလေး ထုတ်ထားကာ သူကအရင်ပြီးနှင့်သည်မို့ ကိုကို့ကို ကြယ်သီးကူတပ်ပေးလိုက်သည်။ဆံပင်ကို Dryer နဲ့ မခြောက်တခြောက် ထား၍ နဖူးပေါ် မဝဲတဝဲ ဆံပင်ကေနဲ့ ပါးရိုးကျကျ၊မေးရိုးမိုက်မိုက်နဲ့ ဖြောင့်စင်းနေတဲ့ နှာတံပိုင်ရှင် ကိုကိုက ဒီနေ့မှ လူငယ်ဆန်သည်လည်းမဟုတ် နုပျိုနေသည့်ဟန်နဲ့ $ရမ်းချောနေသည်။နောက် ကိုကိုက အရပ်မြင့်မြင့် ဘော်ဒီမိုက်မိုက်နဲ့ အသားရည်က ညိုသည့်ဘက်သမ်းသော်လည်း ဝင်းစိုနေပြန်သည်မို့ ယောကျာ်းဆန်သည့် အရိပ်ငွေ့အပြည့်နဲ့ ခန့်ထည်သည်။
ငစိုင်း
ကိုယ့်ယောကျာ်းကို ငေး၍ မဝ ကြည့်၍ မဝနိုင်ဖြစ်ရသည်။ထိုစဉ် နှာသီးထိပ်ကို လက်ညိုးလေးနဲ့ အတောက်ခံလိုက်ရပြီး ......"ငေးလို့မဝသေးဘူးလား အဆိုးလေးဟင် "
"ကိုကိုနော်....မောင်ဘယ်မှာဆိုးလို့လဲ
ကိုယ့်ယောကျာ်းကို ငေးတာပဲ မရဘူးလားပြော ""ရတာပေါ့ သိပ်ရ....
တခြားသူသာ မျက်လုံးဝေ့မကြည့်နဲ့ မောင့်မျက်လုံး၊မောင့်အာရုံ၊မောင့်စိတ်တွေအကုန် ဒီလူဆီသာရှိပါစေ Ok?""ဟဟ....ဒါက အူတိုနေသေးတာလား
ကိုစည်းက ကိုလျှံဝေသော် တစ်ယောက်သာ သူ့ကမ္ဘာလိုလူပါဗျာ ""အွင်း ကို့ကမ္ဘာကလည်း မောင်ပဲမို့
ကို ဒီလောက်တော့ အူတိုလို့ရတယ်မလား "
ŞİMDİ OKUDUĞUN
မောင့်ကိုချစ်သောကို💝 မောင့်ကိုချစ်သောကို(Married Life)(Complete)
Romantizmဒီထူးပန်နဲ့ငစိုင်းရဲ့ Married Lifeလေးက ရီဒါလေးတွေမျှော်လင့်ထားတဲ့အတိုင်းဖြစ်ချင်မှလဲဖြစ်မယ်အဆွိနဲ့အရိုချည်းပဲလဲဖြစ်ချင်မှဖြစ်မှာမို့ အတတ်နိုင်ဆုံးစိတ်ကူးပုံဖော်ပေးထားသမျှတော့ လက်ခံပေးမယ်မလားဟင်💝 💝💝💝 ဒီထူးပန်နဲ့ငစိုင်းရဲ့ Married Lifeလေးက ရီဒါလေး...