***zaw&uni***
*****Zaw*****
တစ်ခါတစ်လေ ကံကြမ္မာက သိပ်ရက်စက်တယ်။မထင်မှတ်တဲ့ တိုက်ဆိုင်မှုလေးတွေနဲ့ မလိုအပ်တဲ့ အထင်လွဲမှုလေးတွေဖြစ်ပေါ်ပြီး ချည်နှောင်ထားတဲ့ ကြိုးလေးတွေကို ပြတ်တောက်သွားဖို့ လုံလောက်တဲ့ အကြောင်းရာတြွေဖစ်ပေါ်စေတယ်။စိုင်း ကမူးရူးထိုး ပြေးထွက်လာရာနောက် လမ်းလယ်ခေါင်ပေါ် ပြေးနေမိသော သူ့ကို နောက်က ကားက ဟွန်းတစ်ချက်တီး၍
"ဟေး ရူးနေလား သေချင်လည်း ကိုယ်ဘာသာကြိုးကွင်းဆွပ်သေဟ သူများဒုက္ခပေးမခဲ့နဲ့"ဆိုသည့် ကားသမားရဲ့ အော်ဆဲသံကိုလည်း သူမတုန့်ပြန်မိ။အဲ့အစား လမ်းဘေး ကပ်ရပ်၍သာ ပြေးနေသော ခြေလှမ်းတွေကို ထိန်း၍ အေးစက်နေတဲ့ လက်တွေကို ဘောင်းဘီအိတ်ထဲ ထည့်ကာ
ဖြေးဖြေးမှန်မှန် တစ်လမ်းပတ်လျှောက်နေလိုက်သည်။တဖြည်းဖြည်းနဲ့ စိတ်ငြိမ်လာတော့
ကိုယ့်ကိုကိုယ် ရူးလိုက်တာ နုံလိုက်တာရယ်လို့တွေးမိလာကာ ပူဆွေးလောင်မြိုက်ခြင်းမှ ဒေါသအဖြစ် မိမိကိုယ်ကို အပစ်ဖို့ကာ လောင်ရပြန်သည်။ဟူး.... ဘာမဟုတ်တဲ့ သွေးထိုးစကား၊မိမိကို မုန်းတီးနေပါသည့် လူတစ်ယောက်ဆီမှ နှုတ်ထွက်စကားကိုမှ နားဝင်ယောင်မိသော ဒီ$ရူးက ဘယ်လောက်တောင်အသုံးမကျလိုက်သလဲလေ။
ဒီကြားထဲ သူ့ကိုအသက်လောက်ချစ်သည့် သစ္စာသမာဓိနဲ့ ရိုးဖြောင့်လွန်းပါသည့် ကိုကို့လိုလူကိုမှ သူလိုကောင်က သံသယဝင်မိသေးသတဲ့။
သေသင့်တဲ့ကောင် အစောနက ကားက သူ့ကို ဆဲသွားရုံမက တိုက်သက်သွားတာခံသင့်တဲ့ကောင်။ထူးပန်
ဘယ်တုန်းကမှ မတို့မထိဘူးသော သူရာအရက်ဆိုသည့် အရာကို မှီဝဲနေမိသည်။ဘာတွေအလျင်စလို ပြေးထွက်သွားမှန်းမသိတဲ့ မောင့် ကျောပြင်ကို ကြည့်ရတာ ရင်တစ်ခုလုံး ဆွဲညှစ်ထုတ်ယူခံနေရသလို သူ့ရင်တွင်းဝေဒနာတွေက အုံနဲ့ကျင်းနဲ့ လှိုက်ကာ နာကျင်ရသည်။အပူကို အပူနဲ့ ညှိမ်းလို့ ငြိမ်းနိုင်မည်လားဆိုသည့် အသိနဲ့ ပါးစပ်ထဲထည့်သွင်းလောင်းမိသမျှက လည်ချောင်းမှတစ်ဆင့် ပူဆင်းသွားတာ ခန္ဒာကိုယ်ရှိ သွေးများအားလုံးဆီအနှံ့။
YOU ARE READING
မောင့်ကိုချစ်သောကို💝 မောင့်ကိုချစ်သောကို(Married Life)(Complete)
Romanceဒီထူးပန်နဲ့ငစိုင်းရဲ့ Married Lifeလေးက ရီဒါလေးတွေမျှော်လင့်ထားတဲ့အတိုင်းဖြစ်ချင်မှလဲဖြစ်မယ်အဆွိနဲ့အရိုချည်းပဲလဲဖြစ်ချင်မှဖြစ်မှာမို့ အတတ်နိုင်ဆုံးစိတ်ကူးပုံဖော်ပေးထားသမျှတော့ လက်ခံပေးမယ်မလားဟင်💝 💝💝💝 ဒီထူးပန်နဲ့ငစိုင်းရဲ့ Married Lifeလေးက ရီဒါလေး...