*****Zawgyi******
****Uni******
နောက်ရက်မနက်မှာ ပုံမှန်အတိုင်းနိုးထလာကြပြီး
မထူးခြားနားသော နေ့ရက်တွေကို ထုံးစံအတိုင်း ရိုးရှင်းစွာ ဖြတ်သန်းခဲ့ကျသည်။ရံ
ဒီရက်ပိုင်းအတွင်း စိုင်းနဲ့သူ့အကြား ရင်းနှီးမှု အတိုင်းတာက သိသိသာသာကို တိုးတက်ပြောင်းလဲလာခဲ့သည်။
စိုင်းက ဂျွတ်ဆပ်ဆပ်ဂျစ်တစ်တစ်လေးပေမဲ့ စိတ်ထားကောင်းသူပွင့်လင်းသူလေးပင်။ရင်းနှီးခင်မင်သူများအပေါ်ဆို ဆိုးတက်ဂျစ်တတ်တဲ့ ဒီကောင်လေးက သူ့အပေါ်လဲ ဆိုးကာဗိုလ်ယူတက်လာသည်။စိုင်းနဲ့ရင်းနှီးလာလေ သူ့ရဲ့တကယ်စိတ်သဘောထားလေးကို မြင်လာရလေမို့ စိုင်းနဲ့ထူးပန် ကြား သူဝင်နှောက်ဖို့ကိုပင် တစ်ဖြည်းဖြည်း ရည်ရွယ်ချက်တွေပျောက်ဆုံးလာရသလို။ဟင်း....ကိုယ်ဘယ်လိုရှေ့ဆက်သင့်သလဲ မသိတော့ဘူး ။ခုလောလောဆယ်တော့ သူ့အာရုံထဲ နေရာယူ လွန်ဆွဲနေသည်က လျှံနဲ့ စိုင်း။
တစ်ဦးက ချစ်မြတ်နိုးရသူ၊တစ်ဦးက ချစ်ခင်သွားမိသော သူ။ထိုသူနှစ်ဦးသာ အမုန်းတွေ အငြိုးတွေ ကျေခဲ့မယ်ဆို ဘယ်လောက်ကောင်းလိမ့်မလဲနော်။ခုတော့ ဟင်းးး
နောက်တစ်ကြိမ် ချမိသော သက်ပြင်းမှာ လေးလံလွန်းလှ၍ ခေါင်းကိုအသာခါယမ်းရင်း သွားရလိမ့်အုန်းမည် ထိုဂျစ်တူးကောင်လေးဆီ။မနေ့က စိုင်းက ဟော့ပေါ့ စားချင်သည်ဆို၍ သူဒီနေ့ လိုက်ကျွေးမည် ကတိခံထားတာကြောင့် အတွေးတို့ရပ်ကာ အောက်ထပ်ဆင်းလာစဉ် ဧည့်ခန်းမှာ TV ကြည့်နေသောလျှံ့အနားခနဝင်ထိုင်ကာ လက်က တပ်လက်စ လက်ကြယ်သီးလေး တပ်နေရင်း
"လျှံ"
"ဒါက ဘယ်သွားအုန်းမလို့လဲ"
သူ့ခေါ်ကာ ရှိသေး ဖြတ်မေးလိုက်သော လျှံ့ကြောင့် လျှံ
စိတ်မကြည်ဖြစ်နေသလား အကဲခတ်ရင်း"အပြင် ခနလောက်သွားမလို့
အပြန် ဘာစားချင်လဲ ဘာဝယ်ခဲ့ရမလဲ "နဖူးပေါ် ကပိုကယို ဝဲကျနေသော ဆံစလေးတွေကို မနေနိုင်စွာ လက်ကသပ်တင်ပေးမိရင်း မေးလိုက်တော့ မဲ့ခနဲဖစ်သွားတဲ့ မျက်နှာလေးက အလိုမကျသလို *ဟင် ငါမှားသွားပြီ လား*အတွေးနဲ့ လက်ကို ပြန်ရုတ်လိုက်ရာ ဖြတ်ခနဲ မော့ကြည့်လာတဲ့ မျက်ဝန်းတွေကဘာသာစကား တစ်ချို့ကို သူအဓိတ်ပါယ် မဖော်တတ်။
![](https://img.wattpad.com/cover/220796544-288-k892135.jpg)
BẠN ĐANG ĐỌC
မောင့်ကိုချစ်သောကို💝 မောင့်ကိုချစ်သောကို(Married Life)(Complete)
Lãng mạnဒီထူးပန်နဲ့ငစိုင်းရဲ့ Married Lifeလေးက ရီဒါလေးတွေမျှော်လင့်ထားတဲ့အတိုင်းဖြစ်ချင်မှလဲဖြစ်မယ်အဆွိနဲ့အရိုချည်းပဲလဲဖြစ်ချင်မှဖြစ်မှာမို့ အတတ်နိုင်ဆုံးစိတ်ကူးပုံဖော်ပေးထားသမျှတော့ လက်ခံပေးမယ်မလားဟင်💝 💝💝💝 ဒီထူးပန်နဲ့ငစိုင်းရဲ့ Married Lifeလေးက ရီဒါလေး...