💝ML30💝

1.9K 173 12
                                    

****Zaw****
ရံစည်းစိမ်
စိုင်းကို ပြန်လိုက်ပို့ပြီး အိမ်ပြန်ရောက်တော့ မိမိအိမ်ထဲဝင်ဖို့အရေးကို သူ့မယ် ကားပေါ်မှာတင် အချိန်အတော်ကြာ ထိုင်နေမိပြီး ရင်တုန်ပန်းတုန်တွေဖြစ်လို့နေသည်။လျှံက သူ့အား အခန်းထဲပေးမဝင်ရန် မှာထားသည်ဆိုတော့
သူဘယ်လိုအကြံထုတ် ၍ ချော့ရမည်လဲကို ဉာဏ်စုတ်ကသုံးစားမရ။

ဟူးးး စိတ်ကိုလျှော့ အားကိုထုတ်လို့ တန်းတန်းမတ်မတ် လျှောက်လာခဲ့တဲ့ခြေလှမ်းတွေက လျှံ့အခန်းရှေ့ အရောက်မှာတော့ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ပြန်သည်။သို့သော် မချော့မပြီး ချစ်မငြီးသည့် ချစ်ရသူလေးအား ရွှေစိတ်တော်ပြေရေး ထုလည်းခံ ထောင်းလည်းခံ ရမှာပဲ မတတ်နိုင်ဘူးလေ။

"ဒေါက်....ဒေါက်"

အခန်းထဲမှ မည်သည့်တုန့်ပြန်သံမှမကြားရတော့ အခန်းတံခါးလေး အနည်းငယ်လှပ်ကာ အခန်းထဲခြေချရုံရှိသေး လွင့်ပျံလာသော ခေါင်းအုန်းက မျက်နှာဆီတည့်တည့် ။မထင်ထားသော အပြုမူအတွက် အနည်းငယ်အံသြ မိသော်ငြား ရှောင်လိုက်နိုင်ပါလျှက်နဲ့ မရှောင်ခဲ့မိခြင်းဟာ ချစ်ရသူ စိတ်အနည်းငယ်ဖြစ်ဖြစ် ပြေစေရန်။လျှံ ဟာ ဤသို့လည်း ပြုမူ၍ စိတ်ကြီးတတ်ပါသေးသည်လား။
ဟားးချစ်ဖို့ကောင်းလိုက်တာလျှံရာ။ဘယ်တုန်းကမှ ဤသို့မပြုမူတတ်သော လျှံဟာ ယခုနောက်ပိုင်း သူ့အပေါ်ဆို ကလေးဆန်ချင်၊အနိုင်ယူ ဆိုးချင်လာသည်။ယခုလည်း ကြည့်လေ အိပ်ယာပေါ် ဆူပုပ်ပုပ်လေးထိုင်ကာ ခေါင်းကို ဇတ်ကျိုးမတတ် တစ်ဖက်လှည့်ထိုင်နေတဲ့ လျှံဟာ အိပ်ယာနိုးစ မကြည်မလင် ဂျီကျချင်နေတဲ့ ကလေးပိစိလေးလို။
အူယားယားနဲ့ ပန်းရောင်သမ်းနေတတ်တဲ့ ပါးအိအိလေးတွေကို ဆွဲညှစ်မိရင်တော့ သေချာတယ် လျှံတစ်ယောက် လက်သီးမိုးရွာလိမ့်မည်က မလွဲဧကန်။

ရံစည်းစိမ် လျှံ အိပ်ယာပေါ်ဝင်ထိုင်တော့ လျှံက အနည်းငယ် ရွှေ့၍ နောက်ဆုတ်သည်။

"လျှံ..."

"မင်းကို ငါ့အခန်းထဲ ဝင်မလာဖို့ မှာထားတယ်မလား"

"ဟင်..ဘယ်တုန်းကလဲ
မင်းကိုယ့်ကို မမှာထားပါဘူး"

*အံမယ် ကြည့်စမ်းရံစည်စိမ်တို့ ရဲတင်းနေတာများ ကိုယ်တဲ့ ခါတိုင်းမင်းနဲ့ ငါပဲပြောနေကြ ခွေးကောင်က တွေ့မယ် ဟွင့် အပြင်မှာ ဟို ကျတ်သတုန်းလေးနဲ့ သာယာလာပြီး ခုမှာ ကိုယ်တွေခေါင်းတွေ လာလုပ်နေ*

မောင့်ကိုချစ်သောကို💝 မောင့်ကိုချစ်သောကို(Married Life)(Complete)Where stories live. Discover now