°30°

9.3K 590 40
                                    

*ကျွီ*

ကားဘရိတ်အုပ်သံ အကျယ်ကြီးက လမ်းမကျယ်ကြီးအပေါ် ကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။ လကျာ် စုပ်သပ်လိုက်ပြီး ခါးပတ်ကိုချွတ်ကာ သူ့ကားရှေ့ လဲနေသော ကောင်လေးကို ထူပေးဖို့ လုပ်ရတော့သည်။

*ဟေ့..ဘာဖြစ်သွားသေးလဲ*

ခြေထောက်လေးကို ဖိကိုင်ကာ ရှုံ့မဲ့မဲ့လေး ထိုင်နေသည့် ကောင်လေးအနားသို့ လကျာ်ဆောင့်ကြောင့် ထိုင်လိုက်သည်။ ဖြူအုနေသည့် ထိုကောင်လေး၏ ခြေချင်းဝတ်လေးမှာ ရဲတွတ်လာလေသည်။

*ရ..ရတယ် အကို။ နည်းနည်းပဲ ခြေထောက်နာသွားတာပါ*

လကျာ်ကို ကြည့်ကာ ဖြေလာသည့် ကောင်လေးက မျက်နှာလေးရှုံ့မဲ့နေသည်။ ဖြူအုနေသည့် မျက်နှာလေးနှင့် စိုရဲနေသော နှုတ်ခမ်းသားလေးကြောင့် တိုင်းရင်းသားလေးမှန်း ကြည့်တာနဲ့ သိသာစေသည်။

*ရလား ထကြည့်ပါအုံး*

လကျာ် ထိုကောင်လေး၏ ပုခုံးကိုဖက်ကာ ပွေ့ထူလိုက်သည်။အိစက်နေသည့် ကိုယ်လုံးလေးကြောင့် လကျာ်ပင် ကြက်သီးထမိသွားသည်။ ဖြေးဖြေးချင်း ထလာသည့် ကောင်လေးက ထိထားသည့် ခြေထောက်ကို မြေပေါ်တွင် ထောက်လိုက်သည်နှင့် အား ခနဲအော်လာလေသည်။

*အိမ်လိုက်ပို့ပေးမယ် နေရာပြောလေ။ ဆေးခန်းပါ တစ်ခါထဲ ဝင်ပြရအောင်ပေါ့*

*ဆေးခန်းက ဒီမှာမရှိဘူးအကို။ မြို့ပေါ်တက်မှ ရမှ။ ကျွန်တော့်ကို အိမ်ပဲလိုက်ပို့ပေးပါ။*

လကျာ်ခေါင်းညိမ့်လိုက်ကာ ထိုကောင်လေးကို ကားဆီတွဲခေါ်လာခဲ့သည်။ ဒီနေ့ကျမှ ကချင်ပြည်က ပြန်ရပါတယ်ဆို ချက်ချင်းပဲ ကချင်ပြည်ကို ပြန်လာရသည့်အဖြစ်။

လကျာ်က ဒီမှာ စာသင်ကျောင်းလာလှူထား၍ တစ်လတစ်ခါတော့ ရောက်ဖြစ်သည်။ နိုင်ငံရေးက မတည်ငြိမ်ပဲ ဆရာ၊ဆရာမရှားပါးသည့် အရပ်ဒေသမို့ ကိုယ်တိုင်က လှူချင်စိတ်ရှိသည်နှင့် လှူခဲ့သည်။

*ညာဘက်ကို ချိုးရမှာ အကို*

စကားသံခပ်ဝဲဝဲလေးနဲ့ လမ်းညွှန်နေသည့် ကောင်လေးကြောင့် လကျာ် ခေါင်းသာညိမ့်ပြလိုက်သည်။ တိုင်းရင်းသားမို့ စကားသံဝဲကာ ပုံစံလေးက ဖြူနုနုလေးကြောင့် ယောကျာ်းလေးလို့ကို ထင်ရက်စရာမရှိ။ ခန္ဓာကိုယ်ဖွဲ့စည်းပုံကလဲ ပိန်ပိန်ပါးပါးနှင့် အရပ်ကလဲ အရမ်းကြီးမရှည်တာကြောင့် ပုံစံလေးက လကျာ် တစ်ကိုင်ပေါက်စာပဲ ရှိသည်။

CrushWhere stories live. Discover now