°1°

42K 1.4K 24
                                    

*လူးလူး မဆင်းလာသေးဘူးလား*

*လာပြီအဒေါ်ကြီး လာပြီဗျို့*

ဒေါ်ခင်စံပယ်သည် သူမသားလေး၏ မနက်စာကို ပြင်ပေးရင်း အပေါ်က ဆင်းမလာသေးသည့် သားငယ်အား အော်ရပြန်သည်။ သူမက လူးလူးလို့ ခေါ်လျှင် သူကပါ အဒေါ်ကြီးလို့ သူမ မကြိုက်တာကို ပြန်ခေါ်လေသည်။ အသံလုံသည့် အိမ်မဟုတ်သည့်အတွတ် အောက်က ခပ်ကျယ်ကျယ် စကားပြောရုံဖြင့် အပေါ်ထပ်က ကြားရလေသည်။

*ဦးငယ်ရော *

မနက်စာပြင်နေသည့် မေမေ့ခါးအား အနောက်ကနေ ဖက်ကာ ချွဲလိုက်သည်။ ဒါဟာ သူ လိုစရာရှိတိုင်း လုပ်နေကြအရာပင်။

*လာပါလိမ့်မယ် နာရီကျန်ခဲ့လို့တဲ့ သွားဝတ်နေသတဲ့*

*မေမေ့ *

သူ မေမေ့ခါးအားလွှတ်ကာ ရှေ့ကခုံတွင် ဝင်ထိုင်လိုက်သည်။ ပြီးသည်နှင့် ပါးဖောင်းဖောင်းလေးနှစ်ဖက် မို့တက်လာသည်အထိ မေးစေ့အောက်တွင် လက်နှစ်ဖက် ထောက်လိုက်သည်။ ဒီပုံစံဟာ သူ မေမေတို့ကို အမြဲ ချွဲနေကြမျက်နှာလေး။ သွားစွယ်လေးနှစ်ဖက်ရယ် ဆံပင်အုပ်အုပ်လေးရယ် ပါးဖောင်းဖောင်းလေးရယ်နှင့် သူ့ကို မြင်သူတိုင်းက ကလေးလေးသဖွယ် ချစ်ကြလေသည်။

*ဘာလဲ ငါ့ကို အဲ့မျက်နှာလုပ်ပြမနေနဲ့ ဘာမှမပေးနိုင်ဘူး*

*အဒေါ်ကြီးက အဲ့လိုလား ရတယ်နော် အဒေါ်ကြီးနေ့ပြန်တိုးတွေ သား သွားမတောင်းပေးတော့ဘူး။ ပြီးရင် ညစာလဲ မစားတော့ဘူး။

*အမလေး ကောင်းတယ် မစားနဲ့ အကုန်အကျ သက်သာတာပေါ့ဟယ်၊ ဘာကို အဒေါ်ကြီးလဲ လူးလူး မအေကိုနော် ငါ ခေါက်ထည့်လိုက်ရ *

*အဲ့တာဆို အဒေါ်ကြီးလို့ခေါ်တာမကြိုက်ရင် သားကိုလဲ လူးလူးလို့ မခေါ်နဲ့ *

သူ ခြေထောက်တွေကို ကြမ်းပြင်ပေါ် ဟိုကန်ဒီကန်လုပ်ကာ တစ်ကိုယ်လုံး တွန့်လိမ်နေအောင် ကန်ကျောက်ပစ်မိသည်။ ဒါဟာ မေမေ့ဆီက သူလိုချင်တာ မရငည့်အခါနှင့် စိတ်ကောက်သည့်အခါတွင် ပြုမူနေကြ အရာပင်။ ထိုအချိန်တိုင်း သူ့ခေါင်းက မေမေ့လက်နှင့် အခေါက်ခံရသည်။

CrushWhere stories live. Discover now