°20°⚠️⚠️⚠️

13.4K 821 19
                                    

*မြေးငယ်လေးတို့ လာ ဖွားက စောင့်နေတာ*

ဖွားကိုယ်တိုင် ရှေ့မှာထွက်စောင့်နေ၍ လွှာ အားနာမိသွားသည်။ ဖွားကို သွားဖက်လိုက်ကာ ပါးကိုမွှေးကြူလိုက်သည်။ ကိုကိုကတော့ ပြုံးပြီးသာ ရပ်ကြည့်နေလေသည်။

*ငါ့မြေးငယ်လေးက မတွေ့ရတဲ့ ရက်လေးအတွင်း ပိုချစ်စရာကောင်းလာလိုက်တာကွယ်*

*ကျေးဇူးတင်ပါတယ် ဖွား။ ဖွားကမှပိုနုလာတာပါ*

မြေးဖွား၂ယောက် လမ်းလျှောက်ရင်း စကားတပြောပြောဖြင့် ဘယ်လိုလုပ် ဧည့်ခန်းကိုရောက်လာမှန်းတောင် မသိလိုက်ပါ။ ကိုကိုကတော့ ဘေးကနေ ပြုံးပြီးသား လိုက်လာလေသည်။

*ခနလောက် နားပြီးမှ မနက်စာစားကြမယ်မလား*

*ဟုတ် ခနတော့ နားမယ်လေ ဖွားရဲ့*

ကိုကိုကပါ ဖွားဘေးဝင်ထိုင်ကာ ဖွားခါးကိုဖက်ပြီး ရင်ခွင်ထဲ တိုးဝင်နေလေသည်။ အလယ်က ဖွားကတော့ ကိုကိူနဲ့ကျနော့်ကို ဖက်ထားလေသည်။

*မြေးငယ်လေးတို့သိလား။ ဖွားကလေ ဒီလိုမြေးတွေ အများကြီးနဲ့နေချင်တာ။ ဖွားမြေးလေး၂ယောက်ကိုလဲ ဖွားချစ်တယ်။ ပြီးတော့ မြေးငယ် ရွှေပေလွှာ -- ဖွားရဲ့မြေးအရင်းမဟုတ်ပေမယ့် ဖွားက မြေးငယ်လေးကို သိပ်ချစ်တယ်ဆိုတာ ယုံတယ်မလား*

*ယုံပါတယ် ဖွားရဲ့ ။ ဒီလောက်ချစ်ပေးတာနဲ့တင် လုံလောက်ပါပြီ။*

ဖွားရင်ခွင်ထဲ ကျနော်ကပါ ခေါင်းတိုးဝင်လိုက်တော့ ဖွားက ခေါင်းကိုဖွဖွပွတ်သပ်ပေးလေသည်။ ဖွားရင်ခွင်က နွေးလိုက်တာ။

*‌ဖွား မြေးငယ်လေးတို့ လက်ထပ်ပြီးတဲ့အထိ နေချင်သေးတယ်ကွယ်*

*နေရမှာပေါ့ဖွားရဲ့ သားတို့နဲ့ အကြာကြီးနေရအုံးမှာ*

*ဟုတ်တယ် မြေးတို့မွေးတဲ့ ကလေးတွေကိုပါ ဖွားချစ်ရအုံးမှာ*

ကိုကိုကပါ ဝင်ပြောလေတော့ ဖွားက ရယ်လာလေသည်။ ဖွားအလှက တစ်ကယ် ကျတ်သရေရှိလှပါသည်။

*ကဲ အဲ့တာဆို မနက်စာစားရအောင် ပြင်ခိုင်းလိုက်တော့မယ်လေ*

CrushWhere stories live. Discover now