°36°

5.8K 506 35
                                    

*ဒီနေ့ ဆရာတို့ သန့်ရှင်းရေး လုပ်ကြရမယ်နော်။ အဲ့တာပြီးရင်တော့ အိမ်ပြန်လို့ရမယ်*

*ဟုတ်ကဲ့ပါ ဆရာ*

ဒီနေ့က စနေနေ့ဖြစ်လို့ အမှန်ဆို ကျောင်းပိတ်ရက်ဖြစ်သည်။ သို့ပေမယ့် မနက်ဖြန် ဆရာ၊ဆရာမအသစ်တွေ ရောက်မည်ဆို၍ ခရာရယ်၊အခြားဆရာနှစ်ယောက်ရယ်၊ကျောင်းသားတွေနဲ့အတူ ပြီးသွားသည့် ကျောင်းလေးကို သန့်ရှင်းရေး လုပ်ကြရန် တိုင်ပင်ထားကြသည်။

ရွာထဲက လူလတ်ပိုင်းအချို့ကလဲ လာလုပ်ကူကာ ခုံတွေကို ထိုကျောင်းဆောင်သစ်လေးထဲ ရွှေ့ပေးလေသည်။ လိုအပ်သည့် ခုံအချို့ကို အချို့လူငယ်တွေက သစ်သားနဲ့ခုံရိုက်ပေးနေကြလေသည်။

ခရာကိုယ်တိုင်လဲ ခုံတွေရွှေ့ကူကာ ပျဉ်လိုတဲ့နေရာ ပျဉ်သယ်ပေးနေ၍ ပူအိုက်လာသည့်အတွတ် ရှပ်လက်ရှည်ကို လက်ခေါက်တင်ကာ ရင်ဘတ်ကကြယ်သီးနှစ်လုံးလောက်ဖြုတ်ထားမိလိုက်သည်။ ပုဆိုးကိုလဲ ခပ်တိုတိုဝတ်ထားသည်မှာ ခြေသလုံးလယ်လောက်ပင်ရောက်နေလေပြီ။ သေးသွယ်ဖြူနုနေသော ခြေသလုံးသွယ်သွယ်လေးက အထင်းသား။

ချွေးတွေထွက်နေသည့်အပြင် ပူသည့်အတွတ်ကြောင့် ခရာ့မျက်နှာဖြူဖြူလေးက ချွေးတွေနစ်ကာ ရဲစွေးနေလေသည်။

*ဆရာလေးတို့ ပင်ပန်းနေပြီလား ဗျို့*

ရွာလူကြီးက အနားရောက်လာကာ ပြုံးရွှင်နေသည့် မျက်နှာဖြင့်ဆိုလေသည်။ ရွာလူကြီးလဲ ကျောင်းဆောင်သပ်သပ်ရပ်ရပ်လေးဖြစ်သွားတော့ ပျော်ရွှင်နေသည်ထင်။

ရွာလူကြီးဘေးမှာတော့ အကိုက မတ်တပ်ရပ်လျက်။ ရှပ်လက်ရှည်အညိုရောင်လေးကို ပုဆိုးဖြင့်တွဲဝတ်ထားသည့်အကိုက ခန့်ခန့်ညားညား ချောလှသည်။ သိူ့ပေမယ့် ခရာ့ကိုမကြည့်။ အခြားအလုပ်လုပ်နေတဲ့ ရွာထဲက လူတွေကိုကြည့်နေလေသည်။

*မပင်ပန်းပါဘူး ရွာလူကြီးရယ်။ ကျွန်တော်တို့ ရွာလေး အခုလိုဖြစ်တော့ သိပ်ဝမ်းသာနေတာပါဗျာ*

ခရာ့ဘေးက အကိုစိုင်းနောင်က ဝင်ဖြေလေသည်။ သူကြီးကတော့ ခေါင်းတညိမ့်ညိမ့်ဖြင့် ပီတိတွေဝေနေလေသည်။ ရွာထဲက လူတွေသည်လဲ သူကြီးအတိုင်းပင်။ ပူနေ၊ပင်ပန်း‌ေန‌ပေမယ့် မျက်နှာက အပြုံးတွေဖြင့်။ အရင်က မိုးမလုံ၊လေမလုံကျောင်းဆောင်လေးသည် အခုတော့ တိုက်နဲ့တာနဲ့ဖြစ်သွားလေပြီ။

CrushWhere stories live. Discover now