°18°

10.5K 879 57
                                    

လွှာ မနက်စာစားပြီးကျောင်းသွားရန် မနက်စာစားပွဲတွင် ဝင်ထိုင်လိုက်သည်။ မေမေကလဲ ဆိုင်မသွားသေးသလို၊ ဦးငယ်ကလဲ အလုပ်မသွားသေးပေ။ ဒီနေ့တော့ သုံးယောက်ဆုံတဲ့နေ့ပင်။ ဒါပေမယ့် မျက်နှာတည်နေသည့် မေမေ့ကြောင့် လွှာ မလှုပ်ရဲပါ။

*လူးလူး*

*ဗျာ*

မေမေ့ ခေါ်သံက ဒီနေ့မှအေးစက်နေသယောင်။ ဦးငယ်ကလဲ မသိသလို မနက်စာစားနေလေသည်။ မေမေက အရာရာမှာ အလိုလိုက်ပေမယ့် သူမကြိုက်တာ လုပ်ရင်တော့ ခွင့်မလွှတ်တတ်။

*မင်း ဟိုနေ့က ဘယ်သူနဲ့တွေ့လာသေးလဲ*

လွှာ ကော်ဖီလေးသောက်ရင်း ဦးနှောက်ကို အလုပ်ပေးရသည်။ ဟိုတစ်နေ့ကဆိုလျှင် ဖေဖေ၊ သူ ဖေဖေနဲ့တွေ့ခဲ့သေးသည်လေ။

*ဟို..မေမေ*

*ငါမေးတာဖြေစမ်း လူးလူး!! ဘယ်သူနဲ့တွေ့ခဲ့တာလဲ?*

မအော်စဖူးအော်သည့် မေမေ့ကြောင့် ကျနော့်ကိုယ်လေး တုန်သွားရသည်။ မေမေသည် ဆူသာဆူဖူးသည်။ အခုလို လေသံမာမာကြီးနဲ့ မခေါ်ဘူး။ အလိုလိုက်ခံရသည့်ကလေး ပိုဆိုးဆိုသလို တစ်ခါမှ အအော်မခံရဘူးတော့ ဝမ်းနည်းပြီး ငိုချင်လာသည်။

*ဖေ...ဖေဖေနဲ့တွေ့ခဲ့တာပါ*

*ဘာလဲ ! နင်ကသူနဲ့နေချင်တာလား? ရတယ်နော် ရွှေပေလွှာ နင်နေချင်ရင်လဲသွား၊ ရှာကျွေးရတဲ့ ငါကသက်သာတယ်၊ အမေက ကျွန် မကြီးလို ရုန်းကျွေးနေရတာကို နင်ကနင့်အဖေကို တမ်းတနေသေးတာလား*

*မကြီး*

ထအော်သည့် ဦးငယ်အသံနှင့်အတူ မေမေက သူ့အိတ်ကိုဆွဲကာ ဆိုင်သို့ထွက်သွားလေသည်။ ကျနော်ကသာ စိတ်ထဲမှာ မေမေပြောလိုက်သည့် စကားကရင်ထဲနင့်နေသည်။ ရှာကျွေးရတဲ့ ငါက သက်သာတယ်တဲ့။ ငိုချင်နေသည့်စိတ်ကို အံကြိတ်ပြီး နေနေ၍ မျက်ရည်ကတော့ကျမလာပါ။

*သားသား သားမေမေပြောတာက အဲ့လိုသဘော မဟုတ်..*

*သား ကျောင်းသွားတော့မယ် ဦးငယ်*

ဦးငယ်စကားကို ဆုံးသည်အထိနားမထောင်ပဲ ကျနော် ထထွက်လာခဲ့သည်။ ယောင်းယောင်းကိုလဲ သွားနှင့်ပြီဟု စာပို့ကာ တစ်လမ်းလုံးငိုကာ ကျောင်းသို့သွားနေမိသည်။ မေမေပင်ပန်းတာ သူသိပါတယ်။ ဒါပေမယ့် အခုလို စကားမျိုးကိုတော့ ကျနော်ခံနိုင်ရည်မရှိ။

CrushWhere stories live. Discover now