°41°⚠⚠⚠

8.7K 423 27
                                    

*အဲ့တော့ မင်းက ဘာဘာညာညာတောင် မဖြစ်သေးဘူးပေါ့*

တေဇက ဘီယာဘူးကြီးကိုင်ကာ လူယုတ်မာအပြုံးကြီးဖြင့် စနေလေသည်။ဒီနေ့က စနေနေ့ည ဖြစ်၍ လကျာ်တို့ လေးယောက်လုံးစုကာ တေဇအိမ်တွင် သောက်စားကြလေသည်။

ခရာက ပါလာပေမယ့် ဘီယာမသောက်တတ်၍ ခေါက်ဆွဲကြော်နှင့် အအေးစားနေလေသည်။

*ကလေးရှိတယ် သတောင်းစား။ မူးနေရင် သွားအိပ်*

လကျာ်က ခပ်ကြိတ်ကြိတ်ပြန်မာန်သည်။ ခရာကတော့ လကျာ်တို့ ပြောနေတာတွေကိုမသိ၍ ရာရာနဲ့ပင် စကားလက်ဆုံကျနေလေသည်။

*ငါတို့မေးတာသာ ဖြေစမ်းပါကွာ*

အာဏာကပါ ထရစ်လာ၍ လကျာ် အီလည်လည်နှင့် ခေါင်းညိမ့်လိုက်သည်။

*ဝေါင်း ဝေါင်း..မင်းလကျာ် ဉပုသ်စောင့်တာ မြင်ဖူးပြီကွ*

*ခွေးကောင်တွေ*

လကျာ်က ခပ်တိုးတိုးဆဲရေးကာ သူ့ဘေးက ခရာ့ကိုသာ ကြည့်နေလေသည်။ တေဇနဲ့ အဏာက အချင်းချင်း မျက်စပစ်လိုက်ကာ အဓိပ္ပါယ်ပါသည့် အကြည့်တွေဖြင့် တစ်ယောက်နဲ့တစ်ယောက်ကြည့်နေလေသည်။

တေဇက လကျာ် အလစ်ကိုကြည့်ကာ လကျာ်၏ ဘီယာဘူးထဲသို့ ဘောင်းဘီအိတ်ကပ်ထဲက ဆေးအချို့ထုတ်ကာ ဘီယာဘူးထဲ ထည့်လိုက်သည်။

ပြီးမှ ဘာမှမဖြစ်သလို စကားတွေပြောနေကာ ခုံအောက်ကနေ အာဏာနှင့် လက်ဝါးချင်း ရိုက်လိုက်သည်။ အချင်းချင်း ဂျင်းထည့်နေကြ ဖြစ်သည့်အပြင် အခုထည့်လိုက်သည့် ဆေးကလဲ ပမာဏနည်းနည်းလေးမို့ ဘာမှတော့ ဆိုးဆိုးဝါးဝါး ဖြစ်မည့်ပုံမပေါ်။

ခနကြာတော့ လကျာ်၏ မျက်ဝန်းတွေက မှေးစင်းလာကာ သူ့ဘေးမှာ ထိုင်နေသည့် ခရာ့ခါးသေးသေးလေးကို ဆွဲဖက်တော့သည်။ ခရာက ပြူးကြောင်ကြောင်လေး ဖြစ်သွားကာ

*အကို*

*အင်း*

ညည်းသံသဲ့သဲ့နဲ့ အငယ်လေးကိုသာ ကျိုးကြေမတတ်ဖက်ထားသည့် ကောင်ကိုကြည့်ကာ အာဏာနှင့်တေဇက ရယ်နေကြလေသည်။ ထူးခြားလာသည့် လကျာ်ပုံစံကြောင့် ရာရာက ဟိုနှစ်ယောက်ကို မယုံသကာ်ကြည့်နေလေသည်။

CrushWhere stories live. Discover now