°31°

6.5K 527 5
                                    

*အစော*

လကျာ်ရယ်၊ရွာလူကြီးရယ်၊ခရာရယ် စကားပြောနေတုန်း ခပ်သန့်သန့် လူငယ်တစ်ဦးရောက်လာကာ ခရာ့ဘေး ဝင်ထိုင်လေသည်။ ရွာလူကြီးကလဲ ပြုံးရွှင်နေသည်။

လကျာ်မှာ မမှိတ်မသုန်နှင့် ထိုလူနဲ့ခရာ့၏ ဆက်ဆံရေးကို စူးစမ်းနေလေသည်။

*မိတ်ဆက်ပေးရအုံးမယ် သူဋေးလေးရယ်။ ဒါက ကချင်က လက်နက်ကိုင်တပ်ရင်းက ဗိုလ်ကြီးလေ စောစေနောင်တဲ့ဝေ့။ ဗိုလ်ကြီး ဒါ ကျုပ်တစ်ခါပြောဖူးတဲ့ သူဋေးလေး မင်းလကျာ်လေ*

*ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်ခင်ဗျ*

*ကျွန်တော်လဲ အတူတူပါပဲ*

တိုင်းရင်းသားပီပီ သဘောကောင်းသည်။ ဖော်ရွေသည်။ လကျာ်ရင်ထဲကသာ ဗလောင်တွေဆူနေပေမယ့် ခရာနဲ့ထိုဗိုလ်ကြီးကတော့ လကျာ်ကို ဖြူစင်သည့်အပြုံးတွေဖြင့်။

*အစောတို့အိမ်ရောက်ခဲ့သေးတယ်လေ။ အစော ပြန်မရောက်သေးဘူးဆိုလို့ လိုက်လာတာ*

*ဒီနေ့ အိမ်မပြန်ဖြစ်တာ အစ်ကိုရဲ့။ ရွာလူကြီးက ဒီမှာပဲ ထမင်းစားသွားပါဆိုလို့*

လကျာ်ကိုလဲ တစ်ချက်တစ်ချက် ကြည့်လာသေးသည့် ကောင်လေးကြောင့် လကျာ် စိတ်ဆိုးနေမှန်းသိအောင် မျက်နှာကို တည်ထားလေသည်။

ဗိုလ်ကြီးဆိုသည့်သူက ခန့်ချော ချောသည်။ တိုင်းရင်းသားမို့ အသားအရည်က နီရဲရဲ။ မျက်လုံးမျက်ခုံးကောင်းကာ တောင့်တင်းသော ခန္ဓာကိုယ်က မိန်းမတိုင်း အားကိုးချင်စဖွယ်။

*ဒီမှာ လာပြီးလှူပေးတယ်ဆိုတဲ့ ညီလေးအကြောင်း အကိုတို့ကြားပါတယ်။ အဲ့ဒီ့အတွတ်လဲ အကိုတို့က ညီလေးကို ကျေးဇူးတွေတင်နေတာပါ*

*ရပါတယ်ဗျာ..ကျွန်တော်ကလဲ တစ်ကယ်လိုအပ်တဲ့နေရာတွေကိုပဲ လှူချင်တာဆိုတော့*

စောစေနောင်ကတော့ ပြုံးပြီးခေါင်းညိမ့်သည်။ ခနအကြာ ရွာလူကြီးကို နှုတ်ဆက်ပြီးပြန်တော့ လကျာ်ပါ ခရာတို့နဲ့အတူ ခရာတို့အိမ်ကို လိုက်သွားခဲ့သည်။

ခရာ့အမေက ညစာ သူတို့အိမ်မှာစားဖို့ ဖိတ်ထားတာကိုပဲ ကျေးဇူးအခါခါတင်မိသွားသည်။ ကားစီးတော့လဲ ခရာနဲ့လကျာ်က တစ်စီး၊ စောစေနောင်က သူပါလာသည့် ဆိုင်ကယ်ဖြင့်သာ အရှေ့က သွားနှင့်လေသည်။

CrushWhere stories live. Discover now