°25°

9.7K 766 12
                                    

*ဒီကို တစ်ပွဲ*

*ဒီဝိုင်းမှာ ငါးပွဲမှာထားတာနော်*

ပိတ်ရက်မှာ ဆိုင်လာပြီး ကူပေးနေတဲ့ ကိုကိုတို့ကြောင့် အရင်ကထဲက ရောင်းရသည့်ဆိုင်လေးက ခုဆို လူပိုစည်နေလေသည်။

မေမေကတော့ ကောင်တာထိုင်ပြီး ငွေကိုင်နေပေမယ့် ကိုကိုတို့လေးယောက်နဲ့အတူ ယောင်းယောင်းနဲ့ ကျနော်ပါမအားတော့ပေ။ လာစားသည့်လူတွေက ကောင်မလေးတွေပိုများသလို ကိုကိုတို့လေးယောက်ကြောင့် တဟိဟိနှင့် ဖြစ်နေကြလေသည်။

*အစ်ကို့နာမည်လေး သိခွင့်ရှိမလား*

ကိုကြီးလကျာ် သွားပြီးချပေးသည့်ဝိုင်းက သွက်သွက်လက်လက်နဲ့ကောင်မလေး တစ်ယောက်က ထမေးလေသည်။ ကျနော်ကတော့ ကိုကြီးလကျာ် ထအော်မည်ဆိုး၍ ရင်တထိတ်ထိတ်။

*မင်းလကျာ်ပါ -- သုံးဆောင်လိုက်ပါအုံးဗျ*

*အားး!!!*

ကောင်မလေးတွေ၏ အော်သံက စူးထွက်လာသလို ကိုကြီးလကျာ်က မရယ်မပြုံးဖြင့် ပြန်ထွက်လာလေသည်။ တစ်ကယ်ပါပဲ ကိုကိုကတော့ ထိုအခြေအနေကို ကြည့်ပြီး ရယ်နေလေသည်။

ကိုကိုရယ်နေတဲ့ပုံကို ဖုန်းတွေနဲ့ထုတ်ပြီး ရိုက်နေသောကြောင့် ကိုကို့လက်က်ုဆွဲပြီး ခေါက်ဆွဲပြုတ်သည့်နေရာသို့ ဆွဲခေါ်လာခဲ့လိုက်သည်။

*ဘာလို့ရယ်နေတာလဲ?*

*ဟမ် !! ဘာလိူ့လဲ ကလေးရ*

*မရယ်နဲ့ မကြိုက်ဘူး*

ကျနော် ကိုကို့မျက်နှာကိူ မော့ကြည့်ရင်းပြောလိုက်တော့ ကိုကိုက တဟားဟားရယ်ကာ ကျနော့်ပါးတွေကို လာဖြစ်ညှစ်နေသည်။

*ဟုတ်ပါပြီ သခင်လေး သဘောကျပါဗျာ*

*လာ အပြင်ထွက်မယ်*

ကိုကို့လက်ကိုဆွဲပြီး အပြင်ထွက်လာတော့ ကိုကြီးလကျာ်တို့က ထိုင်နေလေပြီ။ စားသည့်လူတွေလဲ တစ်ယောက်မှမရှိတော့ပေ။

*ဘာဖြစ်လို့လဲ မေမေ။ တစ်ယောက်မှလဲ မရှိဘူး*

*‌ခေါက်ဆွဲပြတ်သွားလို့ လူးလူးရေ။ သားငယ်လေးတို့ကို အန်တီကျေးဇူးတင်ပါတယ်ကွယ်။*

CrushWhere stories live. Discover now