°10°

11.4K 976 23
                                    

*မင်းကို ငါ တစ်ယောက်ထဲ မသွားပါနဲ့လို့ ဘယ်နှခါများ မှာနေရမှာလဲ ရည်ရွယ်ရာ ဟမ်! ငါပြောတာတွေကိုလဲ စောက်ဖက်လုပ်အုံးဟ*

တေဇဒေါသထွက်မယ်ဆိုလဲ ထွက်သင့်သည်။ ရည်ရွယ့်ကို အနီးကပ်စောင့်ရှောက်တာကလဲ တေဇဆိုတော့ အမြဲ သူတို့နှစ်ယောက်က တပူးပူးတကပ်ကပ်ပင်။ ဒီနေ့ကိစ္စကတော့ တေဇမပြောနှင့် လကျာ်နှင့်အာဏာတောင်ဒေါသတွေ လှိမ့်ထွက်လာကြသည်။

*အဲ့လိုမဟုတ်ပါဘူး ငါ..ငါက*

*တော်လိုက်တော့! ငါ မင်းဆီက ဘာ‌စောက်သံမှ မကြားချင်တော့ဘူး လုပ်ချင်ရာလုပ် ငါ့ကိုလဲ မင်း ထည့်တွတ်စရာ မလိုတော့ဘူး*

ရည်ရွယ်ရာခမျာ အာဏာနှင့်လကျာ်ကို ကူညီတောင်းသည့်ပုံဖြင့် လှမ်းကြည့်ပေမယ့် သူ့ကို တစ်ယောက်မှ ကြည့်မ‌ေနနဲ့။ တေဇက ဒေါသတွေထွက်ကာ နားထင်ကြောတွေထောင်နေသည်အထိ အံကြိတ်ထားလေသည်။ ဆူပေမယ့် အိမ်ရောက်မှဆူလို့ တော်သေးသည်ဟု ပြောရမည်။ တစ်လမ်းလုံးလဲ ဘာစကားမှမပြောပဲ မျက်နှာကြီးနီကာ ဘီယာတွေကြည့်သောက်နေလေသည်။

*ဒီတစ်ခါ မင်းတစ်ကယ်မှားတယ် ရာရာ ငါအပြင်ကို ခနလေးပဲ ဖုန်းသွားပြောတာ မင်းဘေးမှာ ဟိုနှစ်ကောင်ရှိလို့လဲ ငါကထားသွားတာ မင်းကဘယ်လိုလုပ် ကျစ်!!*

*အေး တေဇကလဲ ရာရာ ကော့တေးသောက်ချင်တယ်ဆိုလို့ သွားစပ်ပေးတာ ငါကလဲ dancing floorမှာ ရှိနေတယ် အဲ့တာကို ဟိုစောက်ကောင်က အတင့်ရဲပြီး*

လကျာ်ကနှင့်အာဏာက ရှေ့ကို ဆက်မပြောရက်သလို တေဇကတော့ မျက်နှာတစ်ခုလုံး နီရဲကာ ရည်ရွယ်ရာ ဘက်ကိုလှည့်လာသည်။ ကံဆိုးချင်တော့ ညမွေ့ကလဲ သူ့အိမ်က ဖုန်းလှမ်းဆက်ခေါ်၍ ဘားကနေ ထပြန်သွားခဲ့တာပင်။

ကားကအိမ်ရှေ့ရပ်တာနဲ့ လေးယောက်သား ကားပေါ်က ဆင်းပြီး အိမ်ထဲ ဝင်လာခဲ့ကြသည်။ ရာရာကတော့ အနောက်က ကုပ်ကုပ်ကလေး ဝင်လာတယ်။

*မင်းကို အဲ့လိုတွေဖြစ်မှာဆိုးလို့ ငါအမြဲကာကွယ်ပေးနေတာ။ ဒါတောင် ဒီအချိန်ခနလေးအတွင်းမှာ မင်းက ဟိုကောင်ခေါ်သွားသလို လိုက်သွားတယ်ဆိုတော့ မင်းစောက်ဘဝပျက်ချင်လို့လားဟမ်!*

CrushWhere stories live. Discover now