°22°⚠⚠⚠

12.8K 823 18
                                    

*တေဇ ရာရာနဲ့ ဘာဖြစ်ထားတာလဲ*

ကိုကြီးရာရာက တစ်ယောက်လေးထဲ သွားထိုင်နေကာ ဖုန်းဆော့နေလေသည်။ ကိုကြီးတေဇကတော့ ဘီယာဘူးတွေသောက်နေတာ ဘယ်နှစ်ဘူးမှန်းပင် မသိတော့ပေ။

ကိုကိုက တေဇဆီ သွားကြရအောင်ဆိုပြီး ဦးဆောင်ခေါ်သည့်နောက်သို့ ကျနော်တို့ တစ်ဖွဲ့လုံး ကိုကြီးတေဇတို့ဆီရောက်နေလေသည်။

ကိုကိုနဲ့ ကိုကြီးလကျာ်က ဘီယာတွေသောက်နေပေမယ့် ကျနော်ရယ် ယောင်းယောင်းရယ်က အမြည်းစားရသည်။ ဂီဂီနဲ့လျာလျာကတော့ သောက်နိုင်တယ်ဆိုပြီး ဝင်သောက်နေတာ တားမရ ဆီးမရပင်။

*ဒီတစ်ခါ မင်းလွန်တယ် တေဇ။ ရာရာ မင်းကို ဘယ်လောက်အားကိုးပြီး ချစ်လဲ ငါတို့အကုန်သိတယ်။ ဒါပေမယိ့ မင်းက သူ့အပေါ်ကို အလေးမထားသလို ဆက်ဆံတာ ခနခနပဲလေ*

*ရာရာ့ ဒီကိုလာလေ*

ကိုကိုက အစ်ကိုတေဇကို ဖြောင်းဖျပေးနေတုန်း ကိုကြီးလကျာ်က အစ်ကိုရာရာ့ကို လှမ်းခေါ်လိုက်လေသည်။ ကိုကြီးရာရာ့ကို ကြည့်ရတာလဲ ကျနော်တို့ပါ ပါနေ၍ မလာလျှင် ရိုင်းရာကျမည်ဆိုး၍ထင် ကိုကြီးတေဇဘေးက ခုံလွတ်လေးမှာ ဝင်ထိုင်လေသည်။

*ရာရာ သောက်မှာမလား*

*သူ့ကို ပေးမသောက်နဲ့*

ကျနော် ကိုကြီးရာရာ့ကို လှမ်းပေးသည့်ခွက်လေးကို ကိုကြီးတေဇက ကြားထဲက ဖြတိယူလေသည်။ ကိုကြီးရာရာကတော့ ဘာမှမပြောပေ။ သူ့ဘာသာ ဖုန်းထဲသာ အာရုံစိုက်နေလေသည်။

*ကိုကို့တအားမသောက်နဲ့နော်။ ကျနော်တို့ကို ကိုကိုနဲ့ ကိုကြီးလကျာ် လိုက်ပို့ပေးရမှာ။ ကိုကြီးလကျာ်ကောပဲ များနေပြီ *

*ဝက်ပေါက်ရာ ငါတို့က ကြက်တွင်းတွေပါကွ။ ဒီလောက်နဲ့မမူးဘူး။ မင်းကိုကိုဆို ပိုဆိုးတယ် *

ကိုကိုကတော့ ဘာမှမပြောပဲ ကျနော့်ပုခုံးကိုဆွဲဖက်ပြီး သူ့ရင်ခွင်ထဲထည့်ကာ သောက်နေပြန်သည်။

*ဂီဂီနဲ့လျာလျာ နင်တို့လဲ တော်သင့်နေပြီ*

ယောင်းယောင်းက သူတို့သောက်နေသည့်ခွက်တွေကို လိုက်ဆွဲကာ အမြည်းတွေသာ အတင်းထိုးကျွေးနေလေသည်။

CrushWhere stories live. Discover now