လကျာ်က နိုးနိုးချင် သတိကပ်လာ၍ သူ့ဘေးကိုကြည့်လိုက်တော့ ခရာကမရှိတော့။ အဝတ်အစားမကပ်သည့် ခန္ဓာကိုယ်ကို ဘေးမှာပုံကျနေသည့် ညကအဝတ်အစားတွေကိုပဲ အတင်းကောက်ဝတ်ကာ အောက်ထပ် ပြေးဆင်းလာခဲ့သည်။
လကျာ် စိတ်ထဲ ခရာ့ကို နိုးနိုးချင်း မတွေ့ရတော့ အတော်စိတ်ပူသွားသည်။ သူ့ကိုမယုံလို့ ပြန်သွားတာလား။ ဒါမှမဟုတ် မုန်းသွားတာများလား။ ညက ဟိုကောင်တွေထည့်တဲ့ဆေးက မများမှန်းသိသည်။ သိူ့ပေမယ့် ခရာ့ကိုမြင်သည်နှင့် ထကြွလာသည့်စိတ်တွေက ဆေးထက်ပင် ပိုအစွမ်းထက်နေသေးသည်။
*ကြီးကြီး ခရာရော*
*ခရာလေးက နေမကောင်းချင်လို့ဆိုပြီး အခန်းထဲမှာအိပ်ေနတယ်လေ အကိုလေး*
ကြီးကြီးစကားကိုပင် ဆုံးအောင်နားမထောင်ပဲ အပေါ်ထပ်ပြန်တက်ကာ ခရာ့အခန်းတံခါးကို ခေါက်လိုက်သည်။ အထဲက ဘာအသံမှမကြား၍ တံခါးကိုဖွင့်ကာ ဝင်လာခဲ့လိုက်သည်။
ရေချိုးခန်းက ရေကျသံကြောင့် ခရာ ရေချိုးနေသည်ဆိုတာ သိ၍ မွေ့ယာမှာဝင်ထိုင်ရင်း စောင့်နေလိုက်သည်။ ခရာ့ဆီလာချင်ဇောနှင့် ဝတ်ထားသည့် အကျီက ကြယ်သီးတွေ အထက်အောက်လွဲနေတာကို ပြန်ပြင်တပ်လိုက်ရသေးသည်။ ဆံပင်တွေကလဲ ကပိုကရို ဖြစ်နေမှာကို သိတော့ အတင်းဖိသပ်ချပစ်သည်။
*အ..အကို*
လကျာ်ကို မြင်သည်နှင့် နှုတ်ခမ်းလေးတွေဟကာ မျက်နှာတစ်ခုလုံး ရဲတက်လာပုံက အရမ်းရှက်နေမှန်း သိသာသည်။
*လာလေ ဘာရပ်လုပ်နေတာလဲ..အဝတ်အစားမြန်မြန်လဲ*
*အ..အကိုရှိနေတာကို*
ရေချိုးခန်းတံခါးဝကြီးမှာ ငူငူလေးရပ်နေသည့် ကောင်လေးကြောင့် လကျာ် ထသွားလိုက်သည်။ လကျာ်က တစ်လှမ်းချင်းတိုးလာလေ ခရာက ရေချိုးခန်းတံခါးထဲဝင်မတတ် ကိုယ်ကို ရို့ထားလေဖြစ်နေသည်။
လကျာ်က ရေချိူးခန်းတံခါးကို လက်ထောက်ကာ ခရာ့ကို အုပ်မိုးကြည့်လိုက်သည်။
*ခနနေမှ ကိုယ်တို့အကြောင်းပြောမယ်..အခု အသက် ရေချိုးခန်းကို ကိုယ်ခနသုံးအုံးမယ်။ မျက်နှာမသစ်ခဲ့ရသေးဘူး။ အသက် အဝတ်အစားလဲပြီးရင် ကိုယ့်အခန်းထဲက အဝတ်အစားတစ်စုံသွားယူပေးထားအုံး*
YOU ARE READING
Crush
Fantasyပေါ့ပေါ့ပါးပါးလေးပဲ သွားကြရအောင်ဗျ။ ခပ်ချေချေ ကောင်ငယ်လေးနှင့် ပြာကလပ်စိန် ကောင်လေးအကြောင်း။