°19°

10.6K 839 20
                                    

နေ့လည်စာ ကန်မ်တင်းမှာ စားတဲ့အချိန် အစ်မညမွေ့ပါရောက်နေ၍ ကျနော် အမ်းတမ်းတမ်းကြီးဖြစ်နေရသည်။ ဂီဂီတို့ လျာလျာတို့ ယောင်းယောင်းတို့ကတော့ ဘာမှမဖြစ်သည့်ဟန် စားနေကြသည်က ပလုပ်ပလောင်း။ ကျနော်ကသာ ကြောက်ပြီး ဘာမှသိပ်စားမဝင်။

*ကလေး အစိမ်းရွက်တွေ များများစားလေကွာ*

ကျနော့်ပန်းကန်ထဲ လာထည့်သည့် အရွက်တွေကို ကျနော် ကောက်စားလိုက်သည်။ အသားတွေကိုလဲ အများကြီး လာထည့်ပေးနေ၍ ကျနော့်ပန်းကန်ထဲ ဟင်းတွေကြည့်ဖြစ်နေလေပြီ။ ဂီဂီတို့က်ုကြည့်လိုက်တော့ ဇွန်းကြီးကိုက်ကာ ကျနော့်ပန်းကန်ကို ဝိုင်းကြည့်နေကြလေသည်။

*ဟိုနွား ကလေးလေးပန်းကန်ထဲ မင်းထည့်ပေးတာတွေနဲ့ ပြည့်နေပြီ။ စားပါစေအုံးကွာ*

အစ်ကိုရာရာက ဝင်ပြောပြီး သူ့ရှေ့က အအေးဘူးလေး ကောက်သောက်နေသည်။ အစ်မညမွေ့ကတော့ ဟွန့်ခနဲ အသံထွက်သည်အထိ ရွဲ့ပြလေသည်။

*ရှိန်း*

အနောက်က ပစ်ချွဲနေသည့် အသံနှင့်အတူ အစ်ကိုတေဇအပေါ်သို့ လာထိုင်သည့် မိန်းကလေးက တစ်ကယ်အကြောက်အလန့်မရှိသလို။ အစ်ကိုတေဇကတော့ ထိုမိန်းကလေးခါးကို တင်းနေအောင် ဖက်ထားလေသည်။

*ဟိုသတောင်းစား ဟိုဘက်သွားစမ်းပါ *

အစ်မညမွေ့က ပြောတော့ ဘာမှမဖြစ်သည့်ဟန် ဆေးလိပ်ပင် သောက်နေသေးသည်။ အကုန်လုံးကလဲ အထူးအဆန်းလို ဝိုင်းကြည့်နေကြလေသည်။ ထိုပေါင်ပေါ်ကမိန်းကလေးကလဲ အစ်ကိုတေဇကို ဖက်ထားသည်က အတင်းအကြပ်။

*ငါ -- ငါ အခန်းထဲမှာ စာအုပ်ကျန်နေခဲ့လို့ ခန သွားပြန်ယူလိုက်အုံးမယ်*

အစ်ကိုရာရာက စကားတွေထစ်ကာ ထထွက်သွားပြီးသည်နှင့် အစ်ကိုတေဇက သူ့ပေါင်ပေါ်က မိန်းကလေးကို တွန်းချလိုက်လေသည်။

*သွားတော့*

*ရှိန်းကလဲကွာ*

ထိုမိန်းကလေးက မသွားသေးပဲ အစ်ကိုတေဇ ပုခုံးတွေကို ပွတ်သပ်နေသေးသည်။ ကျောင်းသားတွေရော ကျနော်တို့ကပါ ဝိုင်းကြည့်နေပေမယ့် ကိုကိုရယ် ကိုကြီးလကျာ်ရယ်ကတော့ နေ့လည်စာစားမပျက်။ အစ်မ ညမွေ့ကတော့ ဘာဆက်ဖြစ်မည်ကို သိသည့်အလား အအေးကို အေးဆေးသောက်နေလေသည်။

CrushWhere stories live. Discover now