/အစ်မညမွေ့တင်ထားတာ ကြည့်ပြီးပြီလား?/
ကိုကိုနဲ့ ဖုန်းပြောပြီး လိုင်းလေးခနသုံးတုန်းရှိသေး ဝင်လာသည့် Gp chatထဲက စာကြောင့် ကျနော် ဝင်ကြည့်လိုက်သည် ။
/ဘာတင်ထားလို့လဲ ? ငါက အခုမှ လိုင်းဖွင့်တာ။ လိုင်းဖွင့်ဖွင့်ချင်း စာဝင်လာတာပဲ/
ယောင်းယောင်းနှင့် လျာလျာက gpထဲမရှိသေးပေ။ ဂီဂီက screenshotတစ်ခုနှင့်အတူ ကျနော့်ဆီကို လှမ်းပို့ပေးလေသည်။
/နင် ဝင်ကြည့်လိုက်/
ကျနော် အစ်မညမွေ့အကောင့်ထဲ ဝင်ကြည့်လိုက်ေတာ့ ကိုကို ကျနော့်ကို မနက်ကလာမခေါ်ခင် အစ်မညမွေ့နဲ့ ပုံရိုက်ခဲ့သည့်ထင်။ စိတ်ထဲမှာတော့ အမှန်ပြောရရင် ဝမ်းနည်းသည်။ အစ်မညမွေ့က ကျနော်နဲ့ယှဉ်လျှင် အမြဲပထမဖြစ်နေတတ်သည်။
အစ်မညမွေ့ကပဲ ကိုကို့ရဲ့အချစ်ဦး။ အစ်မညမွေ့ကပဲ ကိုကို ဂရုစိုက်ခြင်းခံရဖူးသည့် ပထမဆုံး အမျိုးသမီး။ အစ်မညမွေ့ကပဲ ကိုကို ဓာတ်ပုံရိုက်ပေးတာ ခံရသည့် ကောင်မလေး။
အစ်မညမွေ့postအောက်က ကောမန့်တွေကို ဖတ်လိုက်သည်။
/စီနီယာက အစ်အညမွေ့နဲ့ပဲ လိုက်တာ/
/နေနဲ့လ ရွှေနဲ့မြပဲ/
/ဟိုကောင်တော့ သူ့နေရာ သူသိနေလောက်ပြီ/
/စီနီယာက အစ်မညမွေ့ကိုပဲ ချစ်တာအသိသာကြီးကို/
အောက်က မန့်တွေကြောင့် ကျနော် အသက်ရှူတွေ ကြပ်ချင်လာသလို ခံစားလိုက်ရသည်။ ဒါကိုကိုငိုမမြင်ဘူးဆိုတာ လုံးဝမဖြစ်နိုင်။ မမြင်ချင်ယောင်ဆောင်ထားသည်လား? ကိုကိုကပဲ ကျေနပ်နေသည်လား မသိ။
/အလွှာ နင်ငိုနေတာလား/
ယောင်းယောင်းတို့ပါ လိုင်းတက်လာ၍ ကျနော့်ကို စိတ်ပူပြီး မေးနေကြလေသည်။ တစ်ခုခုဆို စိတ်ပျော့လွန်းသည့် ကျနော့်အကြောင်းသိသည့် သူငယ်ချင်းတွေက အမြဲဂရုတစိုက်ရှိလှသည်။
/ပြေပါတယ် -- ညမှစကားဝင်ပြောတော့မယ်/
ကျနော် မနေနိုင်စွာ Facebookကြည့်မိပြန်သည်။ see firstလုပ်ထားသည့် ကျနော့်ကိုကိုအကောင့်က တင်လာသည့်ပုံကြောင့် လက်တွေတောင် တုန်လာရသည်။
YOU ARE READING
Crush
Fantasyပေါ့ပေါ့ပါးပါးလေးပဲ သွားကြရအောင်ဗျ။ ခပ်ချေချေ ကောင်ငယ်လေးနှင့် ပြာကလပ်စိန် ကောင်လေးအကြောင်း။