°29° Final⚠⚠⚠

13.7K 864 34
                                    

ဒီနေ့ ကိုကိုနဲ့ လွှာတို့ မဂ်လာပွဲ။

ဖေဖေလဲ လာခဲ့သလို မေမေဟာလဲ ဖေဖေ့အပေါ် အရင်ကလောက်ကြီး မဆိုးရွားတော့ပါ။ ကိုကြီး လကျာ်ကတော့ ခုထိ လူပျိုကြီးဖြစ်နေတုန်းပဲ။ ကိုကြီးတေဇနဲ့ ကိုကြီးရာရာကလဲ နောက်လထဲ လက်ထပ်ပွဲ။အစ်မညမွေ့ကတော့ အစအနပျောက်နေတာပင်။

*ပျော်နေတာပေါ့ ရုပ်ကြီးက*

ဂီဂီတို့က ကျနော့်ဘေး ဝင်ထိုင်ကာ စလာကြလေသည်။ ရင်တွေ အရမ်းခုန်လွန်းနေတဲ့ ကျနော့်အဖို့ ခြေဖျားလက်ဖျားတွေတောင် အေးစက်နေသည်အထိ။

*ပျော်မှာပေါ့ နင့်လိုဘဲမရှိမှ မဟုတ်တာ။ ဟုတ်တယ်မလား လူးလူး*

ယောင်းယောင်းက ကျနော့်ဘက်က ကာပေးကာ ပြေယတော့ ဂီဂီက လိုက်ရိုက်လေသည်။ ကျနော့်မှာ သူတို့ကြောင့် ပါးစပ်တောင် မစိနိုင်သေး။ မိတ်ကပ်ပြင်ပေးနေသည့် အစ်မက ကျနော့်ကိုကြည့်ပြီး ရယ်နေလေသည်။

*မျက်နှာလေးက ဘာမှတောင် သိပ်ပြင်စရာမလိုဘူးကွယ်။ ချစ်စရာလေး*

ကျနော့်မျက်နှာကို လက်လေးနဲ့ ဖွဖွလေးကိုင်ကာ ဆိုလေတော့ ကျနော့်မျက်နှာကြီးရဲလာရသည်။ ကိုကိုတောင် အဲ့လိုမပြောဘူး၍ ထိုအပြောအဆိုတွေနဲ့ နေသားမကျသေး။

*လူတွေအများကြီးလားဟင်*

ဂီဂီတို့က ကျနော့်နား ပြန်ထိုင်လာ၍ ကျနော်တိုးတိုးလေး မေးလိုက်သည်။ အရှိန်အဝါကြီးသည့် ကိုကိုတို့ကြောင့် လာသည့်လူတွေကလဲ နည်းမည်မဟုတ်။ ဒီကြားထဲ သာမာန်မဟုတ်သည့် လက်ထပ်ပွဲမို့ လူကလဲ အပြည့်နေလိမ့်မည်။

*တော်တော်များတယ်ဟဲ့။ ကားကြီးတွေနဲ့လာကြတာ။ ချောရက်လိုက်ကြတာလဲ ပြောမနေနဲ့။ ဒါပေမယ့် နင့်ကိုမမှီဘူး။ ငါ့သူငယ်ချင်းလေးက အချောဆုံး*

*ဖားနေပြီနော် ဂီဂီမတို့*

လျာလျာကပါ ဝင်ပြော၍ ဂီဂီက လျာလျာ့ကို ထပ်ရိုက်ပြန်သည်။ ဟိုတစ်နေ့က သွား‌ေရွးထားသည့် အကျီဆင်စွယ်ရောင်လေးကို အပေါ်က ထပ်ဝတ်လိုက်သည်။ အောက်ကလဲ ဆင်စွယ်ရောင် ပုဆိုးဖြင့်။

*ကလေးလေးက ချစ်စရာလေး*

တံခါးကို ဆွဲဖွင့်ကာ ဝင်လာကြသည့် ကိုကိုတို့ကြောင့် ကျနော် ရှက်သွားရသည်။ကိုကြီးရာရာက ကျနော့်ပါးတွေကို ဆွဲညှစ်နေပြန်သည်။ ဒီလိုအခြေအနေကြီးက တစ်ကယ် ရှက်စရာကြီး။

CrushWhere stories live. Discover now