°7°

10.8K 1K 36
                                    

လွှာ ဒီနေ့ကျောင်းလာတာ စိတ်လုံးဝမပါပေ။ ညက အစ်မညမွေ့နဲ့ အစ်ကိုအာဏာတို့၏ ဂိမ်းတွဲဆော့တာကို ကြည့်ပြီးကထဲကပင်။ ကန်မ်တင်းထဲ လေးယောက်သား နေ့လည်စာစားနေပေမယ့် ကျနော်တစ်ယောက်ထဲ စကားဝင်မပြောတာ။

*ဘာဖြစ်နေတာလဲ အလွှာ*

အမြဲ အရိပ်တကြည့်ကြည့်နေသည့် ယောင်းယောင်း၏အမေးကြောင့် ကျနော် ခေါင်းသာ ခါပြလိုက်သည်။ ကျနော် ယောင်းယောင်းတို့ကို ဖွင့်ပြောလိုက်သင့်လား? ကျနော်ဖွင့်ပြောမှ ကျနော်နှင့် မပေါင်းကြတော့ရင်ရော။

*ဖြစ်နေတာ ငါတို့သိတယ် ပြောစမ်းပါ*

လျာလျာကပါ ဝင်ပြောလာ၍ ကျနော် စိတ်ကို အတတ်နိုင်ဆုံး ပြင်ဆင်လိုက်သည်။ ကျနော့်အကြည့်တွေက ကျနော့်၏ ရှေ့နည်းနည်းဝေးဝေးတွင် အအေးထိုင်သောက်နေကြသည့် အစ်ကိုအာဏာ့ဆီမှာ။အစ်မညမွေ့က အစ်ကိုအာဏာ့လက်ကို တွဲထားသည်။

*ငါ..ငါ လူတစ်ယောက်ကို သဘောကျနေတယ် *

*ကိုအာဏာလား*

ဂီဂီ့အမေးကြောင့် ကျနော်မျက်လုံးပြူးသွားရသည်။ သူတို့သိနေတာလား?သူတို့ကို ကြည့်လိုက်တော့လဲ ဘာမှမထူးခြား ပုံမှန်အတိုင်းပင်။

*ငါ့ကို စိတ်မဆိုးကြဘူးလား*

*ဘာလို့ဆိုးရမှာလဲ ငါတို့က နင်ဘာဖြစ်နေနေ ငါတို့က အမြဲ နင့်သူငယ်ချင်းပဲ အခုကိစ္စကလဲ ငါတို့ ရိပ်မိနေတာ နှစ်ရက်လောက်ရှိပြီ*

*ကျေးဇူးတင်ပါတယ် ဒါပေမယ့် ငါသူ့ကို မကြိုက်ချင်တော့ဘူး*

ကျနော် သိပ်တော့မအံ့ဩပါ။ ကျနော့် သူငယ်ချင်းတွေက အမြဲ အရိပ်တကြည့်ကြည့်လေ။ ကျနော် အစ်ကိုအာဏာ့ဆီ ထပ်ကြည့်လိုက်တော့ ကျနော့်ကို ကြည့်နေသည့် အစ်ကိုအာဏာနဲ့ အကြည့်ချင်းစုံသွား၍ လန့်သွားရသည်။ ဒါပေမယ့် အစ်ကိုအာဏာ့ဘေးက အစ်မညမွေ့သည် အစ်ကိုအာဏာကို ဘာပြောလိုက်သည်မသိ ရယ်လျက် အရှေ့ကို ပြန်လှည့်သွားလေသည်။

*ဘာလို့လဲ ငါတို့ကြည့်ရသလောက် အစ်ကိုအာဏာကလဲ နင့်အပေါ် စိတ်ရှိနေတဲ့ပုံပဲ*

*မဟုတ်ဘူး သူ့မှာ အစ်မညမွေ့ရှိတယ် ငါ..ငါကသာ တစ်ဖက်သတ် စွဲလန်းနေတာ*

CrushWhere stories live. Discover now