°6°

11.1K 1.1K 28
                                    

*အဆင်ပြေလား ကိုယ်ပြောပြတာ*

အာဏာ စာကုန်းရေးနေသည့် ကလေးလေးနားထိုင်လိုက်ကာ မေးလိုက်၏။ ဒီကလေးက တစ်ကယ် ကြိုးစားလွန်းသည်။

*ပြေတယ် စီနီယာ ကျေးဇူးတင်ပါတယ်*

*မလိုပါဘူးကွာ ရေးရေး*

Singaporeဘက်က သူတို့ကုမ္ပဏီကို အခုရွေးချယ်ထားတဲ့ ကျောင်းသားလေးယောက်၏ စာတမ်းပြုစုထားတာတွေပြရသည်။ ဒီကလေး resultsကောင်းကောင်း ထွက်မှာ ၁၀၀ရာခိုင်နှုန်းပင်။

*မင်းကရယ်လိုက်ရင် အတော်ချစ်ဖို့ကောင်းတယ်*

*ဗျာ*

အာဏာက တစ်ကိုယ်စာကြားရုံလေး ရေရွတ်လိုက်၍ ထိုကလေးက နားမလည်သည့်ဟန် မေးလေသည်။
သူ ခေါင်းရမ်းပြလိုက်မှသာ စာပြန်ရေးနေလေသည်။
လကျာ်တို့ကတော့ ဟိုဘက်က မဒီသုံးယောက်ကို စာတွေရှင်းပြနေရလေသည်။

*ရွယ် မင်းလဲ ရှင်းပြအုံးလေ*

*မင်းကလဲ*

ရှိန်း‌ေတဇကို ကျနော် မျက်လုံးရွှဲကြီးဖြင့်ကြည့်လိုက်၍ သက်ပြင်းချကာ ဘာမှမပြောတော့။ သူ ဂိမ်းဆော့နေရင်း ရှိန်းအပေါ်သိူ့ ခြေထောက်တွေ တင်ထားလိုက်သည်။ ရှိန်းက သူ့အပေါ်ဆို အရမ်းနားလည်လွန်းသည်။

*မင်းတို့လင်မယားကလဲ အရှေ့မှာ ကလေးတွေရှိတယ် ဆင်ခြင်နေ*

လကျာ်က အငေါ်တူးလိုက်၍ ရှိန်းက ထိုကောင့်လက်မောင်းကို ထိုးလိုက်သည်။ အမြဲတစ်စေ သူနှင့် ရှိန်းကို လင်မယားလို့စကြပေမယ့် အခုက ကလေးတွေရှိတာကို ဒီသတောင်းစားက ဘယ်တော့မှ မဆင်ခြင်။

*သတောင်းစား*

ကျနော်ဆဲလိုက်တော့ လကျာ်က လက်သီးထောင်ပြလေသည်။ ကျနော် တိုးတိုးလေး ထပ်ဆဲကာ ဂိမ်းပြန်ဆော့နေလိုက်သည်။

*အာဏာ*

လွှာတို့ ကျောဘက်က ခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့ ရှင်မွေ့လွန်းဆိုသည့် အစ်မဖြစ်နေလေသည်။ အစ်ကို အာဏာက ထထွက်သွားတော့မှာလား?

*လာလေ လွန်း ဟိုမှာ ဟိုကောင်တွေက*

အစ်မ ညမွေ့လွန်းက ကျနော်တို့ရှေ့ကို လာထိုင်ကာ ကျနော့်ကို စေ့စေ့ကြည့်လာသည်။ အစ်ကိုအာဏာတို့ လေးယောက်က ထိုအစ်မကို အရမ်းချစ်ကြသည်တဲ့။

CrushWhere stories live. Discover now