°2°

14K 1K 20
                                    

*လာ ငါတို့နောက်က လိုက်ခဲ့*

ဂီဂီနှင့် လျာလျာ့၏ နောက်သို့ ဘာမှမသိပဲ လိုက်နေရလေသည်က ယောင်းယောင်းနှင့် ကျနော်ပင်။ ယနေ့မှကျောင်းစတက်သည်မို့ မျက်နှာငယ်လေးတွေဖြင့် ဖြစ်မည်ဟု ထင်နေကြတယ်မလား? ဆောရီးပါ ယောင်းယောင်းကတော့ မျက်နှာငယ်လေး ဖြစ်‌ေနပေမယ့် ကျနော်ကတော့ မျက်နှာကြောတင်းတင်းဖြင့် အကုန်လုံးကိူ လိုက်ကြည့်နေလေသည်။

*‌ဝါးးး ကျောင်းကြီးက မိုက်လိုက်တာ*

အရောင်းအသွေးတွေစုံလှစွာ လျှောက်သွားနေကြသည့် ကောင်မလေးတွေရော ကောင်လေးတွေရောက ချမ်းသာသော မိသားစုတွေက ဆင်းလာမှန်း သိသာလှစွာ အရှိန်အဝါတွေ ထွက်နေကြသလိုပင်။ ကားအနက်ကြီးတွေတစ်စီးပြီးတစ်စီး ရောက်ချလာကာ ကိုယ်ရံတော်တွေနှင့် လိုက်ပို့တဲ့ သူတွေလဲ ရှိကြလေသည်။

*ရုံးခန်းကို အရင်သွားမှ ထင်တယ်နော် မိလျာ*

*အေး အဲ့လို လုပ်ရမှာပေါ့*

လျာလျာနှင့် ဂီဂီကသာ စကားတွေပြောနေပေမယ့် သူတို့နှစ်ယောက်က ငေးနေတုန်းပင်။

*ဟဲ့ ရုံးခန်းပေါက်ဝရောက်ပြီ နင်တို့မိကျောင်းပါးစပ်ကြီး‌ေတွလို ဟထားတာတွေ ပိတ်လိုက်တော့*

လျာလျာတို့ပြောမှပင် နှစ်ယောက်သား ပါးစပ်လေတွေကို စိနေအောင် ပိတ်ထားလိုက်သည်။

*တီချယ်*

*အော် သမီးတို့လာလေ*

စကပ်ဒူးပေါ်လောက်ဝတ်ထားသည့် အမျိုးသမီးငယ်က ဆရာမတဲ့။ ဝေါင်း တကယ့် ရုပ်ရှင်ထဲက အတိုင်း အကုန်လုံးက အမိုက်စားတွေပင်။

*သူတို့က ပညာ‌ေတာ်သင်ခွင့်နဲ့ ဝင်လာကြတဲ့ ကျောင်းသားနှစ်ယောက်ပါ တီချယ်*

*Okok ခနနေတီချယ်က တန်းခွဲA အဲ့အခန်းဝင်ရမှာမလို့ ကျောင်းအုပ်ကြီးက မနေ့ကထဲက အသစ်တွေရောက်မယ်ဆိုတာ ကြိုပြောထားတယ်။ တီချယ်နဲ့ လိုက်ခဲ့ကြနော်*

*သွားသွား တီချယ်သွားပြီ ဖိုက်တင်း*

*နင်တို့ကရော*

ယောင်းယောင်းငယ်က မျက်နှာငယ်လေးဖြင့် ဆိုလေသည်။

*ငါတို့က Bကဟ တန်းခွဲAဆိုတာက စာတော်တဲ့သူတွေထားတာ သွားတော့ တီချယ်သွားပြီ*

CrushWhere stories live. Discover now