°14°

10.6K 947 56
                                    

‌ယောင်းယောင်းတို့ ဂီဂီတို့က ကျောင်းလစ်၍ လွှာတစ်ယောက်ထဲ ပျင်းပျင်းနှင့် ကျောင်းလာရသည်။ယောင်းယောင်းက ကျောင်းလစ်တာမျိုး မဟုတ်ပဲ သူ့အမေကို ဆေးခန်းပြရက်မလို့ ကျောင်းတစ်ရက်နားရခြင်း။ ဟို၂ယောက်ကတော့ စောက်ပျင်းကြီးခြင်းပင်။

*စီနီယာက အစ်မညမွေ့ကို ပြန်လိုက်မှာဆို*

လွှာ့အရှေ့ကနေ စီနီယာ့အကြောင်း ပြောနေသည့် ကောင်မလေး၂ယောက်၏ စကားကို အသေအချာ နားထောင်လိုက်သည်။

*ဟဲ့ အစကထဲက သူတို့က ပျက်တာမှမဟုတ်ပဲဟယ်။
အစ်မညမွေ့က ဖြတ်ပစ်လို့သာ*

*စီနီယာ့လို လူမျိုးကို ဖြတ်တုန်းက ဖြတ်ပြီး အခုဘာလို့ပြန်တွဲတာလဲပဲ သိချင်လိုက်တာ*

ကျနော် ရှေ့ကကောင်မလေး၂ယောက်ကို ကျော်တက်ခဲ့လိုက်သည်။အစ်ကိုက တစ်ကယ် ဘယ်လိုလူမျိုးလဲ? ကျနာ့်ကို ‌အရေးပေးခဲ့တာတွေကရော? ဘာတွေလဲ အစ်ကိုရာ။

*မုန်းလိုက်တာ*

ကျနော် ကျောင်းခေါင်မိုးထပ်ကို တစ်ယောက်ထဲ တက်လာပြီး ချောင်မှာ ငုတ်တုတ်လေး ထိုင်လိုက်သည်။

အစ်ကိုက ကျနော့်ကို အရူးရင့်‌ေအာင်များ ပြုစားလိုက်တာလား?ကျနော် သဘောကျနေမှန်း တစ်ကယ်မသိဘူးလား? မဖြစ်နိုင်တာ။

*မုန်းဖို့ကောင်းတဲ့လူ၊ အကျင့်မကောင်းတဲ့လူ*

*ငါ့ကိုပြောနေတာလား ဝက်ပေါက်*

ကျနော့် နောက်ကျောဘက်ကနေ စကားပြောသံကြောင့် အလန့်တကြား လှည့်ကြည့်မိသွားသည်။ အစ်ကိုလကျာ်။ ဘာလို့ အစ်ကိုလကျာ်က ဒီနားနေနေတာလဲ? ကျနော်ပြောတာတွေထဲ အစ်ကိုနဲ့ပတ်သတ်ပြီး အများကြီး မပါသွားတာပဲ ကံကောင်းလှသည်။

*စီနီယာက ဒီကို ဘာလို့လာတာလဲ*

*မကြိုက်ဘူး*

*ဗျာ*

ကျနော့်ဘေး လာထိုင်သည့် စီနီယာက ဆက်စပ်မှုမရှိသည့် စကားကိုပြောလိုက်၍ ကျနော် ထပ်ပြီးမော့ကြည့်မိပြန်သည်။

*ကိုယ့်ကို စီနီယာလို့ ခေါ်တာမကြိုက်ဘူး။ ကိုကြီးဖြစ်ဖြစ်။ အစ်ကိုဖြစ်ဖြစ် ခေါ်ပေး*

CrushWhere stories live. Discover now