°17°

10.7K 872 46
                                    

ဒီနေ့ဆို အစ်ကိုနဲ့ကျနော်တွဲတာ တစ်ပတ်ပြည့်လေပြီ။ အရင်လို မပွေရှုပ်တော့ပေမယ့် ဇယားတွေရှိသေးသည့် အစ်ကိုက ကျနော့်ကိုတော့ အပွင့်လင်းဆုံးပြောသည်။ ဒီတစ်ပတ်အတွင်း ရန်ဖြစ်တာမျိုးတော့မရှိသေးပေ။

*ကလေး အအေးသောက်မလား*

နေ့လည်စာစားနေသည့်အချိန် ဂရုတစ်စိုက်ထမေးသည့် အစ်ကို့စကားကြောင့် အကုန်လုံးက ရွဲ့ပြီး ချောင်းတွေဆိုးနေကြ‌ေတာ့ ကျနော်ရယ်မိသွားသည်။

*မသောက်တော့ဘူးလေ ခနနေ အတန်းပြန်တက်ရတော့မှာကို*

*ကလေးသောက်ချင်ရင် ကိုယ်အခုသွားဝယ်ပေးခိုင်းလို့..*

အစ်ကို့စကားမဆုံးခင် ကျနော့်ရှေ့ကိုရောက်လာသည့် အအေးဘူးလေး။ အတိအကျဆိုလျှင် နေ့လည်စာစားပြီးတိုင်း ကျနော်သောက်နေကြ။

အစ်ကိုကလဲ စကားရပ်သွားသလို တစ်ဝိုင်းလုံးကလဲ အအေးဘူးပိုင်ရှင်ဆီ အကြည့်တွေပို့နေကြလေသည်။ ထိုလူက ဘာမှမဖြစ်သလိုပင်။

*ယူလိုက် ငါ မနက်က သောက်ဖို့ဝယ်ထားတာ -- အခုမသောက်ချင်တော့လို့-- ရော့*

ကိုကြီးလကျာ်လက်ထဲက အအေးဘူးလေးကို ကျနော် ယူလိုက်သည်။ ကိုကြီးလကျာ်ဆိုတာ ကျနော့်အတွတ် အစ်ကို တစ်ယောက်လိုပဲလေ။

*အတန်းသွားတက်ကြမယ်လေ ဘာလုပ်နေကြတာလဲ?*

ငြိမ်ကျသွားသည့်စကားဝိုင်းကို ကျနော်ပြန်ဆူအောင် လုပ်ပေးလိုက်သည်။ ဒါပေမယ့် အစ်ကို့အကြည့်တွေက ကျနော့်လက်ထဲက အအေးဘူးဆီမှာ။

*ကိုယ်လိုက်ပို့မယ် ထ ကလေး*

ဂီဂီတို့ကလဲ လွယ်အိတ်တွေ ပြင်ကာ ထရပ်ကြလေသည်။ အစ်ကိုရာရာတို့ အစ်ကိုတေဇတို့ကလဲ ဖုန်းတွေကောက်ယူကာ ထနေကြလေပြီ။

*အိုခေ ဒါဆို ငါ ကလေးကို သွားပို့လိုက်အုံးမယ်။ မင်းတို့သုံးယောက် ငါ့ကားပေါ်က စောင့်နေကြလေ*

အစ်ကိုလကျာ်က အိုခေဆိုသည့် သဘောဖြင့် လက်ကိုဝိုင်းပြလေသည်။ ဒီအစ်ကိုကြီးတွေအဖွဲ့က စကားပြောရမှာ သေလောက်အောင် ကြောက်ကြသည်လား?

CrushWhere stories live. Discover now