°33°

5.8K 540 20
                                    

*မြို့ထဲသွားမှာ လိုက်မလား သူဋေး*

လကျာ်၏လူယုံ ကိုမင်းထန်က အိတ်တွေနဲ့ဖုန်းကို ယူနေရင်း ဆေးလိပ်ထိုင်သောက်နေသည့် လကျာ်ကိုကြည့်ကာ မေးလာလေသည်။

ဝါအရသာ သူဋေးဟု ခေါ်ရတာ အခြားသူကြားလျှင် သူဋေးဆိုတာက အသက်ကြီးကြီးဟု ထင်သွားနိုင်သည်။ သို့သော် မင်းလကျာ်က ခန့်ညားတောင့်တင်းပြီး ငယ်ရွယ်သော လူငယ်တစ်ယောက်ဖြစ်သည်။

မိဘတွေ၏ အမွေကို ဆက်ခံကာ စိန်ထည်လုပ်ငန်းတွေ၊ကျောက်တွင်းလုပ်ငန်းတွေ၊ကုမ္ပဏီတွေကို ငယ်ငယ်ရွယ်ရွယ်နဲ့ ဦးဆောင်နေလေသည်။ တိကျပြတ်သားလွန်းလို့ သူဋေးကိုဆို မင်းထန်တို့က မရိုမသေမလုပ်ရဲ။ အသက်သာငယ်ပေမယ့် ဆုံးဖြတ်ချက်ခိုင်မာသည်။ ကြီးကြီးငယ်ငယ် အမှားလုပ်လျှင် တူညီသည့်အပြစ်ဒဏ်ကို ခံစားစေသည်။

ကြိုးစားရင်ကြိုးစားသလို နေရာပေးပြီး သူ့အပေါ် သစ္စာဖောက်လျှင်တော့ သူနဲ့ပတ်သတ်သမျှ မည်သည့်စီးပွားရေးလုပ်ငန်းမှာမဆို မခန့်အပ်ပေ။ ကျောက်တူးသည့် သူတွေကိုဆိုလဲ အရမ်းပင်ပန်းသည်ဟု ညည်းတွားကာ ထိုလူတွေ၏ မိသားစုတွေကို ထောက်ပံ့ပေးသည်။

မာနကြီးတာမျိုးမဟုတ်ပဲ သူဋေးက သူ့ကိုယ်သူ အရိုသေတန်အောင် ဘယ်တုန်းကမှ မနေခဲ့ပေ။

*မလိုက်တော့ဘူး အကို..ဒီမှာပဲ နေခဲ့လိုက်မယ်။ တုံခွံရွာထဲလဲ လိုက်ကြည့်ချင်လို့*

*အဲ့တာဆို ကျွန်တော် သူဋေးဖို့ လမ်းပြဖို့ ရွာခံတစ်ယောက်ရှာပေးရမလား*

*ရပါ..အင်း ရှာပေးရင်တော့ကောင်းတာပေါ့။ ဒီနေ့ကျောင်းပိတ်တော့ ခရာလဲ မရှိလောက်ဘူးနော်*

အစက ရပါတယ်လို့ ပြောမည်ပြင်ပြီးမှ ရွာခံမဟုတ်ပေမယ့် ဒီရွာအကြောင်းသိလွန်းသည့် ခရာ့ကြောင့် ကိုမင်းထန်ပြောတာကို လက်ခံလိုက်သည်။

*ဆရာလေးနဲ့ သွားမလို့လား သူဋေး..ကျွန်တော် ကားနဲ့သွားခေါ်ပေးရမလား*

*အဲ့လိုလုပ်လို့ အဆင်ပြေပါ့မလား အကိုရ*

*ပြေပါတယ် သူဋေးရဲ့။ ကျွန်တော် ကျောင်းဆောက်နေတဲ့လူတစ်ယောက်ကိုခေါ်သွားပြီး ဆရာလေးကို ခေါ်ခဲ့မယ်*

CrushWhere stories live. Discover now