°40°

5.9K 457 8
                                    

လကျာ်ဆီမှာ နေပေမယ့် ဘယ်တော့မှ ခရာက နားနား‌ေန‌ေနမနေပေ။ လကျာ်၏ အဝတ်အစားတွေကို လကျာ် အလုပ်သွားသည်နှင့် တိတ်တဆိတ် လျှော်ဖွတ်သည်။ အိမ်အကူတွေကိုလဲ လုပ်ကူကာ အခုဆို ခရာက အားလုံး၏ အချစ်ခံလေးဖြစ်နေလေပြီ။

*မလုပ်ပါနဲ့ဆို ခရာလေးရယ်။ ကြီးကြီးလုပ်ပါ့မယ်*

*သားက လူငယ်ပဲ သားကပိုသွက်တာပေါ့။ ဖယ်ပါ ကြီးကြီးလက် ထိမိမှာစိုးလို့*

ခရမ်းချဉ်သီး လှီးဖို့အရေး ကြီးကြီးက လှီးမယ်ကြည့်လုပ်နေလို့ ခရာက အတင်းဝင်ယူကာ လှီးလိုက်သည်။ ကြီးကြီးက အသက်ကြီးနေပြီ။ အမိုးအရွယ်လောက်ပင် ရှိနေပြီမို့ ခရာက ကြီးကြီးကိုတော့ အမိုးနဲ့တန်းတူ ချစ်လေသည်။

ကြီးကြီးက ခရာ့ကို ထိုင်ကြည့်နေတာ တပြုံးပြုံး။ အကိုလေး အိမ်ခေါ်လာတဲ့နေ့ကထဲက ရုပ်လေးက သနားကမားဖြစ်နေကာ ချစ်စဖွယ်လေး ဖြစ်သည်။ အခု အိမ်မှာ အနေကြာလာတာတော့လဲ အိမ်ကြီးရှင်လို မနေပဲ သူမတို့နဲ့ပင် အစအဆုံးအကုန်ဝိုင်းလုပ်သည်။

အကိုလေးက သိရင် ဆူလိုက်မည်ဆိုတာ တွေးလို့ပင်မရ။

*ရပြီ ကြီးကြီး။ အဝါတို့ကို ဘုရားပန်းအိုး မလဲခိုင်းနဲ့တော့ သားပဲလဲလိုက်မယ်လေ။ အကိုက ပြန်မလာလောက်သေးဘူးမလား*

ဘေစင်မှာ လက်ဆေးပြီး တက်တက်ကြွကြွလေး ဆိုလာသည့်ကောင်လေးကြောင့် သူမမှာ ကပြာကယာငြင်းဆန်ရသည်။

*မလုပ်ပါနဲ့ သားရယ်။ ခနနေ အကိုလေးပြန်လာရင် ကြီးကြီးတို့ကို ဆူပါ့မယ်ကွယ်*

*မဆူစေရပါဘူး ကြီးကြီးရဲ့။ သား လုပ်ချင်လို့လုပ်တာလို့ ပြောပါ့မယ် အကို့ကို။ သားက ဒီတိုင်းကြီး အိမ်မှာထိုင်မနေချင်လို့ပါ*

သူမခါးလေးကိုဖက်ကာ ချွဲလာသည့် ခရာ့ကြောင့် သူမမှာ မတတ်သာသည့်အဆုံး ခေါင်းညိမ့်လိုက်သည်။ ဒီကလေးက ယောကျာ်းလေးဖြစ်ပေမယ့် သူမတတ်တာ ဘာမှမရှိ။ ဟင်းချက်ဆိုတာလဲ ကောင်းလိုက်သည့်အမျိုး။

သူမတို့ ချက်တာတောင် ဒီကလေးလောက်မကောင်း။ အမြဲတမ်းလဲ ခပ်ဆန်းဆန်း ဟင်းလျာတွေကို ချက်ကျွေးသေးသည်။ ငါးချဉ်ချက်တဲ့။ သူမတို့ဆို ကြာဖူးပေမယ့် ဒီကလေးချက်ကျွေးမှပင် စားဖူးတော့သည်။

CrushWhere stories live. Discover now