*သတင်းတွေရတာ အမှန်ပဲလား*
*အမှန်ပဲ မွေ့။ အဲ့ကောင်လေးအဖေက နောက်အိမ်ထောင်နဲ့။ အဲ့နောက်အိမ်ထောင်က ယောကျာ်းလေးနော်။ သူ့အမေက အဲ့ကိစ္စတွေသိပြီး သူ့အဖေကိုအရမ်းမုန်းသလို ဂေးတွေကိုလဲ မုန်းနေတာ။*
မွေ့ လက်ထဲက စီးကရက်ကို တစ်ချက်ရှိုက်ရှူပြီး စားပွဲပေါ်ပြန်တင်လိုက်သည်။ သူပြောသားပဲ ရွှေပေလွှာက သူ့ပြိုင်ဘက်ကောင်း မဟုတ်ပါဘူးဆို။
*အဲ့တော့ ငါ နင့်ကိုအရင်က လုပ်ခိုင်းထားတဲ့ကိစ္စကော*
*အကုန်ပြီးပြီ။ ပုံထွက်အရမ်းကောင်းတယ် ကြည့်ကြည့်လိုက်*
မွေ့ သူမသူငယ်ချင်းချပေးသည့် ပုံတွေကို ကြည့်လိုက်တယ်။ ကားပေါ်မှာ အာဏာ့နဖူးကို နမ်းနေသည့်ပုံရယ်၊ ခေါင်းမိုးထပ်မှာ နမ်းနေသည့်ပုံတွေရယ်၊ အာဏာက ရွှေပေလွှာ့ကို ဖက်ထားသည့်ပုံတွေရယ်။ ပုံထွက်က တစ်ကယ်ကောင်းတာပဲ။
*ကျေးဇူးပဲ ကေသရီ။ သူက ငါ့ပြိုင်ဘက်ကောင်းမဟုတ်သလို ငါ့ရဲ့ချစ်သူကိုလဲ သူမလုယူနိုင်ပါဘူး*
ကေသရီ မဲ့ပြုံးပြုံးလိုက်သည်။ ထိုကောင့်ကြောင့် ကျောင်းမှာ သူမအရင်လို မနေရဲတော့။ စီနီယာတို့အားကိုးနဲ့ နာမည်ရနေတဲ့ အကောင်ကို သူမ ကောင်းေကာင်း ပညာပြချင်သည်။
*ဒါဆို မနက်ဖြန် ငါတို့surpriseအကြီးကြီး လုပ်ပေးလိုက်ကြတာေပါ့*
*လာ အောင်မြင်မှုကို ကြိုပြီးကျင်းပထားရအောင်*
ညမွေက သူရှေ့ကဝိုင်ခွက်ကို လှမ်းယူရင်း ဆိုလေသည်။
*ချီးယားစ်*
*ချီးယားစ်*
အခန်းထဲ၌ ဝိုင်ခွက်ချင်း တိုက်သံနှင့်အတူ ရယ်သံတွေကိုပါ ကြားနေရသည်။
___________________*ခန ကိုယ်ပြောစရာရှိလို့ပါ*
ရှိန်းစေသာ မျက်နှာတည်လေးနှင့် ရပ်နေသည့် ဘေဘီ့အနား တိုးကပ်သွားလိုက်သည်။ ဒီကောင်လေးကို ဘယ်လောက်သဘောကျလဲ သူအသိဆုံး။
*ကိုယ်..ကိုယ် မင်းကိုသဘောကျတယ်*
*ကျနော် ခင်ဗျားကိုသဘောမကျဘူး။ ဒီလောက်ဆို ရပြီမလား ဖယ်ပေးတော့ မေမေက နောက်ကျရင်ဆူမှာ*
YOU ARE READING
Crush
Fantasyပေါ့ပေါ့ပါးပါးလေးပဲ သွားကြရအောင်ဗျ။ ခပ်ချေချေ ကောင်ငယ်လေးနှင့် ပြာကလပ်စိန် ကောင်လေးအကြောင်း။