°8°

10.7K 943 18
                                    

လွှာ အစ်ကိုအာဏာ ချိန်းသည့် စားသောက်ဆိုင်သို့ လာခဲ့လိုက်သည်။ ဆိုင်နားရောက်မှဆိုင်အပြင်အဆင်၏ ခမ်းနားမှုကြောင့် ကျနော် အနားပင် သိပ်မကဲရဲတော့သလို။ ဒီဆိုင်ကို ချိန်းတာ ဟုတ်ရောဟုတ်ရဲ့လားဟု တွေးလိုက်သည်။

*ဖုန်းနံပါတ်လဲ မသိဘူး *

လွှာ အထဲဝင်ဖို့ ဆုံးဖြတ်လိုက်ပြီး ဝင်ခဲ့လိုက်တော့ အထဲက အပြင်အဆင်က သူ့ကို ပို၍ အံ့ဩသွားစေသည်။ ပြောင်လက်နေသည့် ကြမ်းပြင်နှင့်အတူ အေးစိမ့်နေသည်က မသိလျှင် တောအုပ်လေးထဲ ရောက်သွားသလို။ တစ်ယောက်ထဲ ကြောင်တောင်တောင်လေး မတ်တပ်ရပ်နေတုန်း ဝိတ်တာလေး တစ်ယောက်က ကျနော့်ဆီသို့ လှမ်းလာလေသည်။

*ကြိုတင် ဘွတ်ကင် ယူထားသလားခင်ဗျ*

*ဟို..ကျနော်က အစ်ကိုအာဏာနဲ့ ..*

*အော် ဟုတ်ကဲ့ပါဗျ အစ်ကိုလေးပြောထားပါတယ်ဗျ VIPအခန်းကို ကြွပါခင်ဗျ*

ဝိတ်တာလေးနောက်သို့ လိုက်လာသည့် သူ့ပုံစံက ကုပ်ချောင်းချောင်းလေးနှင့်သာ။ Hoodieအဖြူကို ဒူးကျ ဘောင်းဘီအနက်နှင့် တွဲဝတ်ထားသည့်သူက ဒီဆိုင်က လူတွေနှင့် ယှဉ်လျှင် သိမ်ငယ်လှသည်။

ဝတ်တာလေးက တံခါးဖွင့်ပေး၍ အထဲဝင်လိုက်တော့ အစ်က်ုအာဏာက ရောက်‌နှင့်နေလေပြီ။

*လာ ကလေး ထိုင် ဘာကြိုက်တတ်လဲ မသိလို့ ကိုယ်အကုန်မှာထားတယ်နော်*

*ဟုတ် ရပါတယ်ဗျ*

လွှာ အထဲရောက်သည်နှင့် အကုန်လုံးကို ပတ်ကြည့်မိသည်။ တစ်ကယ် တောအုပ်ထဲ ရောက်သွားရသလိုပင်။

*ကိုယ် ဘယ်ကနေ စရှင်းပေးရမလဲ*

*ဒီဟာ အစ်ကိုအာဏာ*

လွှာ ကျောပိုးအိတ်ထဲမှ စာအုပ်ကို အမြန်ထုတ်ကာ အစ်ကို အာဏာ့ဆီသို့ ပြလိုက်သည်။ အစ်ကိုအာဏာက စာအုပ်ကို ဆွဲယူလိုက်၍ အသာလေး ထိလိုက်ရသည့် လက်လေးက နွေးပြီး နူးညံ့နေလေသည်။

*လာ ကိုယ်ရှင်းပြမယ်*

အစ်ကို အာဏာကသာ ရှင်းနေပေမယ့် ကျနော်ကတော့ အစ်ကို့ကိုပဲ ခိုးကြည့်နေလေသည်။ ပိရိသေသပ်တဲ့ နှုတ်ခမ်းလေးက သိပ်လှတယ်။ မျက်ခုံးတန်းလေးတွေက မဲမှောင်ပြီး ထူးခြားတယ်။ တစ်ခုခုကို စူးစိုက်နေတဲ့ မျက်လုံးတွေက ကျားရဲတစ်ကောင်လိုပဲ။ ဘယ်အရာကိုမဆို အလုပ်လုပ်ရင် စူးစိုက် လေးနက်နေတဲ့ မျက်နှာလေးက သိပ်ကို ပြီးပြည့်စုံလွန်းတယ်။

CrushWhere stories live. Discover now