°13°

11K 967 22
                                    

မေမေက ဆေးခန်းသွား၍ ဒီနေ့ဆိုင်ထိုင်ပေးရတာ လွှာ့အလှည့်ပင်။ ကျောင်းပိတ်ရက်လဲ ဖြစ်သည့်အတွတ် ကျနော် မေမေ့ကို နားစေလိုက်သည်။ ဆိုင်စောင့်မှာမလို့ ပေါ့ပေါ့ပါးပါး တီရှပ်အဖြူအပွနဲ့ ဘောင်းဘီဒူးပေါ်လေးပဲ တွဲဝတ်ပြီး ဖုန်းယူကာ အိမ်မှ ထွက်လာခဲ့လိုက်တယ်။

လွှာဆိုင်ကိုရောက်တော့ နဲနဲ‌ေစာနေသေး၍ လူသိပ်မကျသေးပါ။ ယောင်းယောင်းကတော့ အနောက်ဘက်မှာ ရှိလေသည်။ နေလဲ မြင့်လာရော တစ်ဖြေးဖြေးလူတွေရောက်လာကြသည်။ မနက်စာသဘောဖြင့် ကျနော်တို့ဆိုင်က မှာစားကြလေသည်။

*ဒီကို ငါးပွဲ*

*ဒီဘက်ကို သုံးပွဲနော်*

လူတော်တော်ကျနေ၍ ယောင်းယောင်းတစ်ယောက်ထဲ မနိုင်တော့သည့်ပုံစံကြောင့် ကျနော် ကောင်တာမှ ထကာ ယောင်းယောင်းကို လုပ်ကူလိုက်သည်။

**သုံးပွဲစာကို ငါသွားပို့မယ်၊ ငါးပွဲစာက မင်းယူခဲ့လိုက်နော်*

ကျနော် သုံးပွဲမှာသည့် စားပွဲကို သွားချပေးတော့ ကျနော့်အား ပြီတီတီနှင့်ကြည့်ကာ ပြုံးနေသော ဟိုနေ့ကလူ။

* ခေါက်ဆွဲဖက်လေးက ချစ်စရာလေးကွာ*

*ဖြူဉနေတာပဲ ခေါက်ဆွဲဖက်လေးက *

လွှာ တိုနေသည့်စိတ်ကို လျှော့ချလိုက်ရသည်။ ဒါက စီးပွားရေး လုပ်နေတာဟုတွေးကာ စားပွဲတွင် ချပေးပြီးသည်နှင့် လှည့်ထွက်လာခဲ့သည်။

*စေသာ မင်းကတစ်ကယ်ကြီးလားဟ*

ရှိန်းစေသာ သူ့သူငယ်ချင်း မေးသည့်စကားကို ထိုကောင်လေး၏ နောက်ပိုင်းကိုကြည့်ပြီး ခေါင်းညိမ့်ပြလိုက်သည်။

*ငါ သူ့ကို စောက်ရမ်းသဘောကျတယ်ကွာ၊ အဟက် ပုံစံလေးက မိုက်တယ်၊ စားချင်စရာလေး*

*ဒီကောင်ကြီးကတော့ကွာ *

ရှိန်းစေသာက ပွေရှုပ်သည်။ ပိုက်ဆံရှိသည်။ မိန်းမယောကျာ်းမရွေး တွဲသည်။ ဆေးလဲသုံးသလို အရက်သေစာလဲ မလွတ်စေရ။ ပုံစံကလဲ ခပ်ချောချောခပ်ဖြောင့်ဖြောင့်ဆိုတော့ စေသာ့ကို လိုချင်သူတွေက ဒုနဲ့ဒေး။ ဒါပေမယ့် အခုကောင်လေးမပါ။
အခုကောင်လေးကတော့ စေသာ သဘောကျနေတာ တော်တော်ကြာလေပြီ။ ဆိုင်အမြဲလာထိုင်ပေမယ့် ဒီနေ့မှတွေ့ရခြင်း။

CrushWhere stories live. Discover now