°16°

11.3K 889 69
                                    

*ဘာလုပ်နေတာလဲ*

အာဏာ ကန်မ်တင်းကနေ ထထွက်သွားပြန်သည့် ကလေးကြောင့် အနောက်ကလိုက်လာကာ ကလေးရပ်နေသည့် သစ်ပင်ကြီးနားတွင် သူပါလိုက်ရပ်ကာ မေးလိုက်သည်။

*ဟင်*

အခုမှ ကျနော့်ဘက်လှည့်ကြည့်ကာ အံ့ဩနေသည့်ပုံစံလေးဖြင့်။ ဒီပုံစံလေးကို ဘယ်သူ့ကိုမှ မပြချင်ပါ။ သိပ်ချစ်စရာကောင်းနေသည်မို့။

*ဘာလုပ်နေတာလဲလို့ ကိုယ်ကမေးတာလေ*

*ဒီ..ဒီတိုင်း ရပ်နေတာ စီနီယာ*

ကျနော် သူလေး၏ နောက်ကျောဘက်ကနေရပ်ကာ သူလေး၏ ပုခုံးနှစ်ဖက်ကို တင်းနေအောင်ကိုင်လိုက်သည်။ ကျနော့်လက်အောက်က ကိုယ်လေးက ကျုံ့သွားသယောင် ခံစားလိုက်ရတယ်။

*ကလေးလေး*

*ဗျာ*

လွှာ့အား ခပ်တိုးတိုးလေးခေါ်လာသော အစ်ကို့ကြောင့် နှစ်ကိုယ်စာကြားရုံပြန်ထူးလိုက်သည်။ အစ်ကို သက်ပြင်းတွေ ချနေသည်က ခနခန။ ဘာများပြောမလို့လဲ?

*ကိုယ် ဒီစကားကိုပြောရင် မင်းအထင်သေးတာလဲ ခံရနိုင်တယ်။ ဒါမှမဟုတ် မုန်းသွားတာမျိုးလဲ ဖြစ်နိုင်တယ်။ ကိုယ့်ကို မကြည့်ချင်လောက်အောင် ရွံသွားတာမျိုးလဲ ဖြစ်နိုင်တယ်ကလေး။ *

*အစ်..အစ်ကိုက ဘာပြောမှာမို့လို့လဲ*

ကျနော် ရင်တွေတုန်လာရသည်။ အစ်ကိုက ဘာများပြောမှာလဲ?

*ကိုယ် ဒီစကားတွေ ပြောဖို့အချိန်တွေအကြာကြီးယူခဲ့ရတယ် ကလေး။ ကိုယ် သိလိုက်ရတဲ့အဖြေကို ကိုယ်လဲ လန့်နေမိတယ်။ ဒါပေမယ့် ကိုယ်လက်ခံနိုင်တယ်*

ငိုသံစွက်နေသည့် အစ်ကို့စကားကြောင့် ကျနော် အစ်ကို့ဘက်ကို မျက်နှာမူရန်ပြင်လိုက်သည်။ ဒါပေမယ့် အစ်ကိုက အလှည့်မခံပဲ ကျနော့်ပုခုံးကို တင်းနေအောင် ဆုပ်ကိုင်ထားသည်။

*ချစ်တယ်..ကိုယ် မင်းကို အရမ်းချစ်တယ်။ လက်မလွှတ်နိုင်လောက်အောင် ချစ်တယ်။ ကိုယ့်ကိုရွံချင်လဲ ရွံပါ။ မုန်းချင်လဲ မုန်းပါ။ ကိုယ်မင်းကို သိပ်ချစ်တယ် ကလေး*

CrushWhere stories live. Discover now