*အကို့*
ခရာ ငိုသံပါလေးနဲ့ ခေါ်လိုက်သည်။ လကျာ်ကကျ မျက်နှာကို တင်းထားလေသည်။ ခရာ့ရဲ့စကားတွေက လကျာ်ကို အထင်သေးဟန်အပြည့်လို့ ခံစားလိုက်ရလို့။
ချစ်တယ်လို့ မပြောပဲ ခရာ့ခန္ဓာကိုယ်ကို အကို့စိတ်ကြိုက် ထိတွေ့ခွင့် ပေးထားတာရောတဲ့။ လကျာ်ကပဲ တဏှာရူးကြီးကျလို့။ တွေးရင်း ဒေါသက ထွက်လာသည်။ ခရာ့ကို စိတ်တိုတာမဟုတ်ပေမယ့် လကျာ်ဒေါသထွက်လျှင် စကားကြမ်းကြမ်းတွေပြောမိမည်စိုးတာကြောင့် အရှေ့ကနေထွက်လာခဲ့ခြင်း ဖြစ်သည်။
ငိုမဲ့မဲ့အခြေအနေကနေ ခရာက ငိုချပစ်တော့ လကျာ်ကကြောင်သွားသည်။ လကျာ်ကိုယ်တိုင် ခရာနဲ့မျက်နှာချင်း ဆိုင်လိုက်သည်။ မျက်ရည်တွေရစ်ဝိုင်းကာ မျက်နှာငယ်လေးဖြင့် လကျာ်ကို ကြည့်နေသောကြောင့် လကျာ်သက်ပြင်းချလိုက်၏။
*အကို့ကို ကျွန်တော်ချစ်တယ်။ စတွေ့ကထဲက ချစ်တာအကို*
လကျာ် ပျော်လွန်းသည်ဟုဆိုကာ ခရာ့ကိုလဲမပွေ့ဖက်။ ခုန်လဲမခုန်။ ရယ်လဲမရယ်။ ခပ်တည်တည်ဖြင့်သာ ခရာ့ကို ကြည့်နေလေသည်။
စိုးထိတ်နေသည့် မျက်ဝန်းတွေဖြင့်ကြည့်နေသော ခရာက လကျာ်လက်ဖျားလေးကိုလဲ မျက်နှာငယ်လေးဖြင့် ဆွဲထားသည်။
အခုမှ လကျာ်စိတ်ဆိုးမှာ ကြောက်နေသည့်ပုံလေး။
*ငါက မင်းခန္ဓာကိုယ်ကိုပဲ လိုချင်နေတယ်လို့မင်းထင်နေတယ်မလား ခရာ။ ရတယ်..မင်း နဲ့ငါ အခုချစ်သူတွေ ဖြစ်သွားပြီနော်။ ဒီနေ့ကစ မင်း အသားကို ငါလုံးဝမထိဘူး ခရာ*
*မ..မဟုတ်ပါဘူး အကိုရယ်။ ကျွန်တော်က အဲ့လိုပြောတာမဟုတ်တာကို အကိုသိရဲ့နဲ့။ အကို့ကို ကျွန်တော် ဘယ်တုန်းကမှ အဲ့လိုမထင်ခဲ့ပါဘူး*
*မင်း စိတ်ကို ငါမြင်ရတာမှ မဟုတ်ပဲ*
*အကို*
အကို့၏ စကားကြောင့် ခရာကိုင်ထားသည့် အကို့လက်ကို လွှတ်ချလိုက်သည်။ခရာ အကို့အပေါ် ဘယ်လောက်လေးစားတယ်၊ ဘယ်လောက်မြတ်နိုးတယ်ဆိုတာကို မသိပဲ အကိုက အထင်သေးလွန်းသည်။
YOU ARE READING
Crush
Fantasyပေါ့ပေါ့ပါးပါးလေးပဲ သွားကြရအောင်ဗျ။ ခပ်ချေချေ ကောင်ငယ်လေးနှင့် ပြာကလပ်စိန် ကောင်လေးအကြောင်း။