°35°

5.7K 484 35
                                    

*ခရာ..အိပ်နေပြီလား*

လေသံသဲ့သဲ့တိုက်ခတ်သည့် အသံနှင့်အတူ လကျာ်အသံကပါ တိုးရှရှထွက်လာလေသည်။ လျှပ်စစ်မီး မရပေမယ့် ဆိုလာပြားဖြင့် အနည်းငယ်လင်းနေသည့် အခန်းလေးက ခရာ့မျက်နှာနုနုလေးကို မြင်ရအောင် စွမ်းဆောင်နိုင်သည်။

သို့ပေမယ့် ခရာက လကျာ်ကိုကျောပေးကာ နေနေလေသည်။

*ကျွန်တော် မအိပ်သေးပါဘူးအကို*

ခရာ့အသံက အက်ကွဲနေသည်။ ငိုသံသဲ့သဲ့ပါနေမှန်း လကျာ်ရိပ်မိသည်နှင့် ငုတ်တုပ်ထထိုင်လိုက်ကာ ခရာ့ကိုယ်လေးကိုလဲ ဆွဲထူလိုက်သည်။ လကျာ် ဆွဲထူသည့်အတိုင်း ပါလာသည့် ခန္ဓာကိုယ်လေးက လကျာ်နဲ့ မျက်နှာချင်းဆိုင်။

*ကိုယ်မှားတာ ကိုယ်သိပါတယ် ခရာ။ အဲ့အတွတ်လဲ တောင်းပန်ပါတယ်..မင်းရဲ့စိတ်ဓာတ်ကို ကိုယ်စော်ကားမိခဲ့တယ်*

*ရပါတယ် အကို..ကျွန်တော့်စိတ်ထဲ ဘာမှမရှိပါဘူး*

ခရာ့မျက်နှာလေးက ပကိအေးချမ်းနေသည်။ ခရာ့အမေက အနောက်ခန်းမှာရှိနေသည့်အတွတ် သူတို့စကားသံတွေက နှစ်ကိုယ်စာ ကြားရုံလေး။

လကျာ်ဆွဲဖက်လိုက်တော့လဲ ရင်ခွင်ထဲမှာ ကောင်ငယ်လေးက ငြိမ်ငြိမ်သပ်သပ်။ လကျာ်က နားထင်စပ်လေးတွေကို အနမ်းပေးတော့လဲ မတုန်မလှုပ်။
ထိုလိုပုံစံလေးတွေကို လကျာ်မှာ အသဲယားနေရသည်။

*ကိုယ့်ကို စိတ်ဆိုးနေတယ်မလား ခရာ။ ကိုယ့်ကို မချစ်ချင်တော့ဘူးမလား*

*ကျွန်တော့်မှာ အဲ့လိုစိတ်မရှိဘူးအကို။ အကို့ကို ချစ်တဲ့ကျွန်တော့်အချစ်က အကို့စကားလေးတစ်ခွန်းထဲနဲ့တော့ ပျောက်ပျက်လွယ်မှာ မဟုတ်ပါဘူးအကို။ ကျွန်တော့်အချစ်က အဲ့လောက်အပေါစားမဆန်ခဲ့ပါဘူး*

လကျာ်နဲ့ခရာက ရှင်းလေရှုပ်လေ ဖြစ်နေခဲ့သည်။ ခရာ့မျက်နှာလေးကို လက်ဖြင့်ဖိညှစ်ကာ လကျာ်နဲ့မျက်နှာချင်းတည့်တည့် ဆိုင်စေလိုက်သည်။

*ကိုယ် မင်းအပေါ်ကို လွန်ခဲ့တာ ကိုယ် သိတယ်ခရာ။ ဒါပေမယ့် မင်းအပေါ်ကို ကိုယ်အထင်သေးတဲ့စိတ်လုံးဝမှမရှိခဲ့ဘူး ဆိုတာတော့ ယုံပေး*

CrushWhere stories live. Discover now