လွှာတို့ နေ့လည်စာကို ကန်မ်တင်းတွင် စားကြရန် လျာလျာတို့နှင့် ထွက်လာလိုက်သည်။ သူတို့ကလဲ ဒီနေ့ အချိန်ပိုမရှိ၍ ကျနော်တို့နှင့်အတူ လာစားနေလေသည်။
*သွားကြမယ်*
စားစရာတွေကို ဗန်းတွေနှင့် ထည့်ပြီး၍ နေ့လည်စာ စားမည့်နေရာသို့ ထွက်လာခဲ့လိုက်သည်။ ထုံးစံအတိုင်း အစ်ကို အာဏာတို့က ထိုင်နေကြ၍ ထိုနားတွင် ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေကြလေသည်။
*ငါ အစ်ကိုလကျာ်ကို အကျီပြန်ပေးလိုက်အုံးမယ်*
*အေး သတိထားနော်အကောင် သူတို့ဘေးနားက နှာဘူးမတွေက မရဘူး*
လွှာ ခေါင်းညိမ့်ပြပြီး အစ်ကို လကျာ် အနွေးထည်ထည့်ထားသည့် အိတ်လေးကိုဆွဲကာ ထိုစီနီယာတွေ အနားသွားရပ်လိုက်သည်။ အစ်ကိုအာဏာက ဂိမ်းဆော့နေကာ သူ့ဘေးက ရှင်မွေ့လွန်းဆိုသည့် အစ်မကတော့ အစ်ကိုအာဏာ၏ လက်မောင်းကို ဖက်ထားလေသည်။
*ဘာလဲ ချာတိတ်*
အစ်ကို ရည်ရွယ်ရာ၏ အနောက်မှာဆိုသော မျက်ရိပ်ပြမှုကြောင့် အစ်ကို လကျာ်က ကျနော့်အား ကြည့်လာလေသည်။ အစ်ကိုအာဏာကတော့ ဂိမ်းဆော့ပင်မပျက်သလို မော့လဲမကြည့်။
*မနေ့က ကုတ်လာပေးတာပါ စီနီယာ မနေ့က ကူညီမှုအတွတ် ကျေးဇူးတင်ပါတယ်*
*အိုခေ ဒါပဲမလား *
*ဟုတ်*
လွှာ ထိုအနားက ထွက်လာပြီးနောက် အနောက်က ပါလာသည့် စကားသံတွေကြောင့် လက်သီးကို တင်းနေအောင်ဆုပ်ထားမိသည်။ အဲ့ကောင်က စီနီယာတွေကို မြှူဆွယ်နေတာတဲ့လေ။ သူ့ရင်ဘတ်ထဲ နင့်နင့်နဲနဲကြီး အောင့်ကာ ဝမ်းနည်းနေ၍ ထိုစကားတွေကို မကြားယောင်ဆောင်လိုက်သည်။
*အဆင်ပြေခဲ့လား*
*အင်း ပြေတယ်*
ယောင်းယောင်းဘေးကိုဝင်ထိုက်ကာ နေ့လည်စာကို မစားမိပဲ ထိုးဖွနေမိသည်။
*ဟဲ့ မစားပဲ ဘာလုပ်နေတာလဲ နင့်အဆင်ပြေပါတယ်ကလဲဟယ် အားမရှိလိုက်တာ ဘာဖြစ်နေတာလဲ*
သူ လျာလျာတို့ကို ခေါင်းေထာင်ကြည့်လိုက်သည်။
ပြီးသည်နှင့် သူ ပြေယသင့်မပြောသင့် တွေးလိုက်သေးသည်။
YOU ARE READING
Crush
Fantasyပေါ့ပေါ့ပါးပါးလေးပဲ သွားကြရအောင်ဗျ။ ခပ်ချေချေ ကောင်ငယ်လေးနှင့် ပြာကလပ်စိန် ကောင်လေးအကြောင်း။