°5°

11.6K 959 10
                                    

*တီချယ်တို့ Aအခန်း သွားရမယ့် ကျောင်းသားနှစ်ယောက်ကို ရွေးထုတ်ပါ့မယ်နော်၊ ဒီနှစ်က တီချယ့်အခန်းက အခြားမေဂျာတွေထက် အမှတ်တွေအများကြီးပိုများလို့ ၂ယောက်တောင် ရွေးရမှာပါ*

တီချယ် ပြောလိုက်သည်နှင့် တစ်ခန်းလုံး ဟင်ခနဲ ဟာခနဲ ဖြစ်နေကြလေသည်။ ကေသရီဆိုသည့် မိန်းကလေးက လွှာ့ကိုလာကြည့်ကာ မဲ့ရွဲ့ပြုံးပြနေလေသည်။

* ဒီဟာက ဘယ်လိုပုံစံလဲ ဆိုတာ အရင်ထဲက တက်လာတဲ့ ကလေးတွေ သိပါလိမ့်မယ်။ တီချယ် ထပ်ရှင်းပြပေးမယ်နော်။ တီချယ်တို့က မေဂျာတစ်ခုကို အခန်းနှစ်ခန်းခွဲထားတယ်။ တီချယ်တို့ ပထမနှစ် အခု Business majorဆို အခန်းနှစ်ခန်းပဲပေါ့။ တန်းခွဲA, တန်းခွဲBပေါ့။ Aအခန်းဆိုတာက တီချယ်တို့ကျောင်းရဲ့ အရမ်းတော်တဲ့ စီနီယာလေးယောက်က ပြန်Trainပေးမှာပါ။ စာတမ်းအတူ ပြုစုရမယ် ၊ ဂျူနီယာလေးတွေ နားမလည်တာကို သူတို့က ရှင်းပြပေးလိမ့်မယ်။ သူတို့နဲ့အတူ စာအတူတူလုပ်ခွင့်ရမယ်ပေါ့။
အဲ့စီနီယာလေးယောက်က ဘယ်သူတွေဆိုတာ အားလုံးသိကြတယ်မလား*

*သိပါတယ် *

တစ်ခန်းလုံးက အကျယ်ကြီးအော်လိုက်၍ သူတောင်လန့်သွားရသည်။ ယောင်းယောင်းကလဲ စိတ်ဝင်စားနေသည့်ဟန်ပင်။

*Aခန်းထဲ ရောက်သွားတဲ့ ကျောင်းသားလေးယောက်က Fourth year ထိအဲ့အခန်းမှာ နေနိုင်မယ်ဆို Singapore နိုင်ငံနဲ့ ချိတ်ဆက်ထားတဲ့ မဟာမြတ် ကုမ္ပဏီမှာ အလုပ်ဝင်ခွင့်ရမှာပါ။ လစာဟာ မြန်မာငွေ ဆယ်သိန်းပါ *

*ငါသွားချင်တယ် ယောင်းယောင်း။ ငါ မေမေတို့အတွတ် အကောင်းဆုံး လုပ်ပေးချင်တယ်။*

သူ ယောင်းယောင်းကို ကပ်ပြီးပြောလိုက်တော့ ယောင်းယောင်းက သူ့လက်လေးကို ဆုပ်ကိုင်လာသည်။

*ကဲ အခု တီချယ် အဲ့၂ယောက်ကို ပြောပြပေးမှာပါ။
ပထမတစ်ယောက်က ကေသရီပါ*

*ဝေါင်းး သူက တစ်ကယ်တော်တာပဲ *

*ကေသရီ...ကေသရီ..*

တစ်ခန်းလုံး၏ အားပေးသံတွေက ကျယ်လောင်စွာ ကြားနေရလေသည်။ နောက်တစ်ယောက်အတွတ် တစ်ကယ် ကျနော် စိတ်ပူလှသည်။ ကျနော် ထိုအခန်းကို joinချင်သည်။

CrushWhere stories live. Discover now