°32°

5.9K 526 17
                                    

လကျာ် ဖွင့်ပြောပြီးသည့် အကျိုးရလဒ်ကတော့ ခရာက သူ့ကိုတွေ့တာနဲ့ ရှောင်နေတော့တာပဲ။ ရွာလူကြီးနဲ့စကားပြောနေလို့ လကျာ်ရှိနေရင်တောင် အကြည့်တွေက ဟိုလွှဲသည်လွှဲ။ နားရွက်ဖျားတွေလဲ ရဲနေသေးသည်။ အတင်းအကြပ် နမ်းမိလို့များ စိတ်ဆိုးသွားတာလားဆိုတော့လဲ တစ်ခါတစ်ရံ ကြည့်လာသည့်အကြည့်တွေက နူးနူးညံ့ညံ့လေးပင်။

ခရာက ရွာလူကြီးကို နှုတ်ဆက်ပြီး စာသင်ဖို့ ထသွားသည်။ လကျာ်ကိုလဲ တစ်ချက်ပဲ ကြည့်သွားကာ အကြည့်နဲ့တင် နှုတ်ဆက်သွားလေသည်။

*ဆရာလေးက စာလေးတော်ရဲ့သားနဲ့ ဒီရွာမှာပဲ သူ့ကိုယ်သူ မြှုပ်နှံထားတာ သူဋေးလေးရဲ့*

*ခရာက ဒီမှာ အစိုးရက ခန့်လို့လုပ်နေတာမဟုတ်ဘူးလား ရွာလူကြီး*

ရွာလူကြီးက ကြည့်ရတာ ခရာ့ကို အတော်ချစ်ပုံရသည်။ ဘာကိစ္စဖြစ်ဖြစ် ခရာနဲ့ တိုင်ပင်လေသည်။

*ဘယ်ကသာ သူဋေးလေးရေ..ဆရာလေးက ဆရာဝန်မလုပ်ပဲ ဒီမှာပဲနေပြီး ကလေးတွေကို စာပြနေတာဝေ့။ ဆရာလေးက ဆရာဝန်အရမ်းဖြစ်ချင်တာလေ*

လကျာ် တွေးစစနှင့် ခေါင်းညိမ့်လိုက်သည်။ ဒီကောင်လေးက သူ့မျိုးနွယ်အပေါ် အတော်ချစ်တာပဲ ဟု လကျာ်တွေးလိုက်မိသည်။ ကိုယ့်ဘဝကြီး တစ်ခုလုံးကို ဘာမှတိုးတက်ဖွယ်ရာမရှိတဲ့ နေရာမှာ မြှုပ်နှံပစ်တာက တော်ရုံမျိုးချစ်တဲ့စိတ်နဲ့တော့မရ။

ရွာလူကြီးနဲ့ ခနစကားပြောနေတုန်း ဖုန်းဝင်လာ၍ လကျာ်မှာ ကိုင်လိုက်ရသည်။ ဟိုကောင်တွေဆီက ဖုန်းဖြစ်နေတော့ ရွာလူကြီးကိုခွင့်တောင်းပြီး လူရှင်းသည့် အခြားနေရာမှာ သွားပြောရသည်။

*ဟိတ်ကောင်..ရန်ကုန်ကိုရော ပြန်လာအုံးမှာလား။ တောင်ပေါ်သူလေးနဲ့များ ညားနေပြီလားလို့ ငါတို့က*

တေဇအသံကြီးက ဟိန်းထွက်လာသည်။

*တောင်ပေါ်သူတော့မဟုတ်ဘူး ‌တိုင်းရင်းသားလေးတော့ ရန်ကုန်ကို ငါပြန်လာရင် ခေါ်ခဲ့မယ်*

*ဟိတ်ကောင် တစ်ကယ်ကြီးပြောနေတာလား*

ရာရာကပဲ ထအော်လာသည်။ ကြည့်ရတာ ဒီကောင်တွေ တေဇအိမ် စုရောက်နေကြပြန်ပြီထင်။

CrushWhere stories live. Discover now