°15°

10.9K 941 80
                                    

အစ်ကိုပြောသလို ကျနော် အစ်ကိုရည်ရွယ်နဲ့ အစ်ကိုလကျာ်တို့နား သိပ်မကပ်ပါ။ အစ်ကို့စကားကို နားထောင်တဲ့ကလေးလေး တစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့သည်။ ဒါပေမယ့် ကျနော်ရခဲ့တဲ့ ရလဒ်က အစ်ကိုက အစ်မညမွေ့နဲ့ တွဲနေသည်တဲ့။

ကျနော် တစ်ပတ်လုံး အစ်ကိုနဲ့မတွေ့အောင် ရှောင်သည်။အစ်ကိုကန်မ်တင်းမှာရှိလျှင် ကျနော်မထိုင်။အစ်ကို့ကို Facebookမှာ မဘလော့ပေမယ့် unfollowထားသည်။ ဒီအတောအတွင်း အစ်ကို့ကို ကျနော်မမြင်ချင်သေး။ အစ်ကို့ကို ကိုကြီးလကျာ်တို့လို ဆက်ဆံနိုင်ဖို့ ကျနော် အချိန်ယူခဲ့တာပင်။ ဒါပေမယ့် အသုံးမကျတဲ့ နှလုံးသားက အခုထိ အစ်ကို့အတွတ် ခုန်နေတုန်းပင်။

*လွှာ အဆင်ပြေလား*

ကန်မ်တင်းကို တစ်ပတ်ပြည့်ပြီးတဲ့နောက် ကျနော်အရင်လိုပဲ ပြန်ထိုင်တယ်။ ပြောင်းလဲချက်က အစ်ကို့ဘက်ကို ကျနော်ကျောပေးထိုင်တယ်။

*ပြေပါတယ် အေးဆေးပေါ့*

*ဟဲ့ ကိုကြီးအာဏာက နင့်ကို လှမ်းကြည့်နေတယ်*

ကျနော် မရယ်ချင်ပဲ ရယ်မိသွားသည်။ အရင်ကလဲ ထိုလိုအပြုအမူတွေကို ကျနော်အရမ်းရင်ခုန်ခဲ့သည်။ ဒါပေမယ့် ဒီလိုအပြုအမူတွေဟာ ကျနော့်ကို သဘောကျလို့မဟုတ်မှန်း သိလာခဲ့တယ်။

*ကြည့်ပါစေ ငါဘာမှမဖြစ်ဘူး*

ကျနော် နေ့လည်စာကို အတင်းထိုးသွင်းကာ စားနေမိသည်။ ငိုချင်စိတ်ကို ထမင်းနဲ့ရောမြိုချရသည်။ အစ်ကိုက သွေးအေး လူသတ်သမားလိုပဲ။

*ငါ ပြီးပြီ စာကြည့်တိုက်သွားလိုက်အုံးမယ်*

ကျနော် ထိုင်ရာကထကာ အစ်ကို့ဘက်ကို အကြည့်တစ်ချက်မပေးခဲ့။ အစ်ကို့ကို ကျနော်အဖြူစင်နိုင်ဆုံး ပြုံးပြနိုင်တဲ့အချိန်မှ မျက်နှာချင်းဆိုင်ပါ့မယ်။

*ကလေးလေးက ဘာဖြစ်နေတာလဲ? ငါတို့ကို ကြည့်တောင်မကြည့်ဘူး*

ရာရာက မနေနိုင်စွာ ပြောတော့တေဇက မကြည်ကြည့်လှမ်းကြည့်သည်။

*ငါ toiletခနသွားအုံးမယ်*

လကျာ်က ချက်ချင်းထရပ်ကာ အပြင်သို့ ထွက်သွားလေသည်။ ပြီးမှဘေးဘီဝဲယာကို လှည့်ပတ်ရှာလိုက်သည်။ တွေ့ပါပြီ သူ့ရဲ့ဝက်ပေါက်လေး။ လကျာ် ဝက်ပေါက်ဆီအမြန်ပြေးကာ အနားရောက်မှ အချိန်လျှော့ချလိုက်သည်။

CrushWhere stories live. Discover now