သစ်တောအုပ်တွေကြားမှာ ရှိနေသည့် ကားလေး၏အထဲတွင် တိတ်ဆိတ်လျက်။ ငှက်ကလေးအချို့၏ တကျီကျီအော်သံသာ ကြားနေရလေသည်။
ကားစတီယာရင်ပေါ်တွင် လက်တင်ကာ အပြင်ကို ငေးနေသော လကျာ်ရှိသလို ဘေးမှာကျုံ့ကျုံ့လေးထိုင်နေသည့် ခရာလဲရှိလေသည်။*သဝန်တိုလား*
လကျာ်ဆီက စကားသံက နှစ်ကိုယ်စာကြားရုံ။ လကျာ်ဘက်ကို ကြည့်လာသည့် ခရာ့အကြည့်တွေက ဘာမှနားမလည်သည့်ပုံ။
*အင်း မင်းနဲ့ကိုယ့်ရဲ့ ကွာခြားချက်က အဲ့တာပဲခရာ။ ကိုယ်က မင်းကို သဝန်တိုတယ်။ ဒါပေမယ့် မင်းကမသိဘူး။ ဖြေရှင်းတာမျိုးတွေလဲ မင်းမလုပ်ဘူး။ ကိုယ့်က်ုယ်လဲ မင်းချော့ရမှန်းမသိဘူး။ ကိုယ် ဘာဖြစ်နေလဲ မင်းမသိဘူး*
လကျာ်ကကြည့် စကားေတွကိုတရပ်စပ်ပြောနေလေသည်။ သို့ပေမယ့် ခရာ့ဘက်ကို မကြည့်။
*အဲ့နေ့ညက ကိုယ့်အမှားကို မင်းဆီဝန်ခံတောင်းပန်ခဲ့တယ်။ ကိုယ်အရင်က ဘယ်လောက်ဆိုးလဲဆိုတာ မင်းမသိဘူး ခရာ။ ကိုယ် ဘယ်သူ့ကိုမှလဲ မတောင်းပန်ခဲ့ဖူးဘူး။ ကိုယ်တောင်းပန်နေတာတောင် မင်းက ကိုယ်မမှားပါဘူး၊ မင်းကသာ မှားတာပါ ဘာညာတွေ လုပ်နေခဲ့တာ။ ကိုယ့်စိတ်ထဲ ဘာဖြစ်သွားမလဲ မင်းမသိဘူး*
လကျာ်က စိတ်ညစ်ညူးသလို မျက်နှာကို လက်ဖြင့်အုပ်ချကာ ပွတ်သပ်ပစ်သည်။
*ကိုယ် အရင်က ဝက်ပေါက်ကိုတောင် သဝန်မတိုခဲ့ဖူးဘူးခရာ။ မင်းက ပထမဆုံးပဲ*
*ကျွန်..ကျွန်တော်*
ခရာက ဘာပြောရမှန်းမသိသလို မျက်နှာငယ်လေးဖြင့်။ ခရာက တစ်ကယ်ပဲ အကို ပြောသလိုဖြစ်နေခဲ့သည်။ အမြဲနားလည်ပေးယောင်ဆောင်ကာ တစ်ယောက်ထဲ ကမ္ဘာတွေပျက်နေတတ်သည့်သူမျိုး။
*ကိုယ်က မင်းကို ဖြစ်စေချင်တာက ကိုယ့်အပေါ် ဆိုးစေချင်တယ်၊ သဝန်တိုစေချင်တယ်။ ကိုယ့်ကို နားလည်ပေးစရာမလိုဘူး ခရာ။ မင်းက ကိုယ်နဲ့ယှဉ်ရင် ကလေးပဲ ရှိသေးတာ။ အမြဲ နားလည်ပါတယ်တွေ ဘာတွေ ကိုယ်မလိုချင်ဘူး။ ကိုယ်လိုချင်တာက မင်းက ကိုယ့်အပေါ် ချစ်သူတစ်ယောက်လို မြင်စေချင်တာ*
YOU ARE READING
Crush
Fantasyပေါ့ပေါ့ပါးပါးလေးပဲ သွားကြရအောင်ဗျ။ ခပ်ချေချေ ကောင်ငယ်လေးနှင့် ပြာကလပ်စိန် ကောင်လေးအကြောင်း။