°11° ⚠️⚠️

14.1K 907 23
                                    

*ဘာလုပ်နေတာလဲ အာဏာ*

မွေ့ အာဏာ့ဘေးထိုင်ကာ ခါးလေးကို ဖက်ထားလိုက်သည်။ အမှန်ပြောရရင် မွေ့က အာဏာရဲ့ ex။ အာဏာက သူမကို သိပ်ချစ်လွန်းသည်။ အခုထိပဲ ဆိုပါတော့။ သူမဘာလုပ်လုပ် မငြိုငြင်။ မွေ့ဘက်ကသာ အာဏာ့ကို စပြီးလမ်းခွဲခဲ့တာ။

*ငါ ဟိုကလေးဆီက IDတောင်းနေတာ*

အာဏာက messengerမှာ စကားပြောနေသည်ကပင် သူမကို ပြန်ဖြေလာသည်။ သူမကို ထိုလို အရေးမစိုက်တာမျိုး တစ်ကယ် မကြိုက်ပါ။

*ဘယ်ကလေးလဲ ဘယ်ကကောင်မလဲ*

*ရွှေပေလွှာပါ မွေ့ကလဲ *

သူမ နှုတ်ခမ်းကို ပိုစူမိသွားသည်။ အာဏာက ထိုကောင်လေးကို သိပ်အရေးပေးလွန်းနေသည်။

*ခန ငါဂိမ်းတိုက်လိုက်အုံးမယ်*

ပြောပြောဆိုဆိုနှင့် အာဏာက ဂိမ်းထဲဝင်သွားသည်။ သူမ အာဏာ့ခါးကို ဖက်ထားသည်ကို လွှတ်လိုက်သည်။ အာဏာက ရွှေပေလွှာလို့ ထင်ရသည့် ကောင်လေးကို လိုက်ကာနေပေးသေးသည်။ သူ့အနောက်မှာပဲ ထားသည်။ ထိုလိုအပြုအမူက သူမတစ်ယောက်ထဲကိုပဲ လုပ်ပေးသည်ဟု သူမထင်ခဲ့တာပင်။ အခုတော့။

အာဏာက သိပ်ချော သိပ်ခန့်သည်။ သူမလမ်းခွဲမိတာ မှားမှန်း သိသိချင်း ပြန်၍ကပ်သည်။ ဒါကိုလဲ အာဏာက ဘာမှမပြော။ သူမခါးတွေဖက်၊ လက်မောင်းတွေ ဖက်သည်ကိုလဲ သိပ်အရေးမစိုက်။
ဂိမ်းဆော့နေတုန်း ဘေးဘက်က ကြည့်ရသည်ကိုပင် အာဏာက သိပ်ခန့်ညားသည်။ မျက်လုံးတွေက စူးရဲပြီး သိပ်ကြောက်စရာကောင်းသည်။ နှုတ်ခမ်းပါးတွေကလဲ တိကျသေသပ်ပြီး ရဲနေလေသည်။ ၆ပေပကျော်ကျော် အရပ်က သူမနှင့်ယှဉ်သွားလျှင် အာဏာ့ ပခုံးအောက်မှာပင်။ မိဘတွေ၏လုပ်ငန်းတွေကလဲ နေရာချဲ့လွန်းသည်။ ဒါကို သူမက မိုက်ရူးရဲဆန်ပြီး လမ်းခွဲခဲ့တာ။

*အာဏာ နင်သေတော့မယ်လေ*

သွေးနည်းနည်းပဲ ရှိတော့သည့် အာဏာ့ကို သူမသတိပေးလိုက်သည်။ ဟိုကောင်လေးကတော့ အာဏာ့နား ကပ်နေလေသည်။

*သွားမတိုက်သေးနဲ့အုံး ကိုယ်recallခေါ်လိုက်အုံးမယ်*

တာဝါထဲတွင် ငြိမ်ငြိမ်လေးရပ်နေသည့် ကောင်လေးက အာဏာ့ကို အသည်းယားစေသည်။ တစ်ကယ် ချစ်စရာကောင်လေး။

CrushWhere stories live. Discover now